1.9.16

ပြည်တွင်းငါးဈေး အတက်အကျကြမ်းနေ၍ ငါးမွေးမြူရေး လုပ်ငန်းများ အခက်တွေ့

 ပြည်တွင်းငါးဈေးသည် ဈေးကွက် မတည်ငြိမ်ဘဲ နေ့စဉ် အတက်အကျကွာဟမှုမြင့်မားနေ ၍ ငါးမွေးမြူရေးလုပ်ငန်းများအ ခက်တွေ့နေကြောင်း သတင်းရရှိသည်။

ဗဟိုစံပြငါးဈေးသို့ ငါးကုန် တက်ပေါ်မူတည်ပြီး ငါးဈေးနှုန်း အတက်အကျသည် ယခင်က တစ်ပိဿာလျှင် ကျပ် ၅၀ ခန့်သာ အပြောင်းအလဲရှိသော်လည်း ယခုအခါ ကျပ် ၅၀၀ ခန့်ရှိနေသည်ဟု ဆိုသည်။
‘‘အရင်ကဆို စံပြငါးဈေးမှာ ရောင်းရင် တစ်ပိဿာကို ကျပ် ဆယ်ဂဏန်းလောက်ပဲ အတက် အကျရှိတာ။ အခုကတော့ တစ် ပိဿာ ၅၀၀ လောက်အတက်အ ကျကြမ်းတော့ ကိုယ်တွေးတာ တောင်မှ ခြောက်လလောက်ဆို အဲဒီလောက်မြတ်ဖို့ မသေချာ တာ၊ အစာဈေးကလည်း တက် နေတော့ ခက်တာပေါ့’’ဟု ဧရာ ၀တီတိုင်း ဆားမလောက်ဒေသမှ ငါးမွေးမြူရေးကန် မန်နေဂျာ ဦး ထွန်းမြင့်ဦးက ပြောသည်။
ငါးတစ်ပိဿာချင်းဈေးနှုန်း များမှာ အရွယ်အစားအလိုက် ငါးမြစ်ချင်း ကျပ် ၃,၅၀၀ မှ ၆,၅၀၀ နှင့် ငါးကြင်းကျပ် ၄,၅၀၀ မှ ၇,၀၀၀ကြားပေါက်ဈေးရှိသည်။
ငါးကင် အရောင်းဆိုင်များမှ ၀ယ်ယူကြသော တီလားဗီးယားသည် ကျပ် ၄,၅၀၀ မှ ၆,၀၀၀ ကျပ်ဈေးနှုန်းဖြင့် ယခု ရက်ပိုင်းတွင် ရောင်းချနေကြောင်း ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေး ဒိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ငါးမွေးမြူရေး လုပ်ငန်းရှင် များသည် ဗဟိုစံပြငါးဈေးဒိုင်များ ၏ ၀ယ်ဈေးအပေါ် မူတည်ကာ ငါးကန်ဖော်နေရသဖြင့် ငါးမွေးမြူ ရေးလုပ်ငန်းသည် အကျိုးအမြတ် မသေချာသောလုပ်ငန်းဖြစ်လာ ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်နှစ်များက ပြည်ပ၀ယ် လက်အကြိုက် ငါးတန်နှင့် ရေချို ငါးမုန့် (ပါကူး)တို့ကို အဓိကထား မွေးမြူရာမှ အစာဈေးနှုန်းတက် လာခြင်းနှင့် ၀ယ်လက် ကုမ္ပဏီ များက ဈေးနှုန်းလျှော့ချဝယ်ယူနေခြင်းတို့ကြောင့် ပြည်တွင်းဝယ်လက်အကြိုက် ငါးများကို ပြောင်းလဲမွေးမြူနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ဒေသရှိ အာရှသား အင်တာနေရှင်နယ်ကုမ္ပဏီမှ ငါးမွေးမြူရေးနည်းပညာ မန်နေဂျာ ဦးထွန်းမြင့်ဦးက ပြောကြားသည်။
‘‘အရင်ကတော့ ငါးတန်နဲ့ ပါကူးကို အဓိကအနေနဲ့ မွေး နေရာက ပြည်ပတင်ပို့တဲ့ ကုမ္ပဏီ  တွေက အ၀ယ်မဆွဲတော့တာနဲ့ အခုတော့ ပြည်တွင်းဝယ်လက်အ ကြိုက် ငါးအမည်စုံမွေးတဲ့စနစ်ကို ပြောင်းမွေးနေတယ်’’ဟု ဦးထွန်း မြင့်ဦးက ပြောသည်။
တိရစ္ဆာန်   အစာအတွက် အဓိကကျသော ဖွဲနုဈေးနှုန်းသည် ၂၀၁၄ တွင် တစ်ပိဿာလျှင်ကျပ် ၂၈၀ ဖြင့် ၀ယ်ယူရသော်လည်း ယခုနှစ်၌ ကျပ် ၅၅၀ အထိဖြစ်လာသဖြင့် ဈေးနှုန်းပိုသက်သာသော ပြည်ပမှ တင်သွင်းမှုမြင့်တက်လာသည်ဟု သိရသည်။
‘‘စိုက်ပျိုးရေး၊ မွေးမြူရေး နိုင်ငံလို့ ပြောနေပေမယ့် အစိုးရ တွေက တကယ်တမ်း ထိထိ ရောက်ရောက်မလုပ်နိုင်ခဲ့လို့ ဒီအ ခြေအနေမျိုးဖြစ်လာတာ၊ ငါးမွေး မြူရေးလုပ်ငန်းမှာ အရင်းအနှီး၊ နည်းပညာနဲ့ အကြောင်းကြောင်း တွေကြောင့် မွေးမြူရေးလုပ်ငန်း တွေက မအောင်မြင်ရတာ။ ဒါမွေး မြူရေးလုပ်ငန်းတွေအတွက် ကြီး မားတဲ့ စိန်ခေါ်မှုတွေပဲ’’ဟု မြန်မာ နိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်း ကြိုင်က ပြောသည်။
မြေယာပိုင်ဆိုင်ခွင့်၊ ချေးငွေ၊ ဘဏ်တိုး၊ လမ်းပန်းဆက်သွယ် ရေး၊ စီမံခန့်ခွဲမှုနှင့် မူဝါဒအမှား များနှင့် ရာသီဥတုဖောက်ပြန်မှုများသည် ငါးမွေးမြူရေးလုပ်ငန်းများ အတွက် အကြီးမားဆုံးစိန်ခေါ်မှု များထဲ၌ ပါဝင်ကြောင်း မွေးမြူ ရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment