7.9.16

ရန်ကုန်မြို့ ငမိုးရိပ်ချောင်းတစ်လျှောက်တွင် အများပြည်သူအပန်းဖြေနေရာများ အပါအ၀င် မြို့ပြဖွံ့ဖြိုးမှုအစီအမံများဆောင်ရွက်သွားမည်ဟုပြည်ထောင်စုဝန်ကြီး ပြော

ရန်ကုန်မြို့ ငမိုးရိပ်ချောင်းတစ်လျှောက်တွင် အ များပြည်သူအပန်းဖြေအနားယူနေရာ များအပါအ၀င် မြို့ပြဖွံ့ဖြိုးမှုအစီအမံ များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန့် စင်မောင်က ပြောသည်။
စက်တင်ဘာ ၅ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ကိုယ် စားလှယ်ဒေါက်တာစောနိုင်က ငမိုး ရိပ်ချောင်းအတွင်း ကုမ္ပဏီတစ်ခုမှ
ချောင်းအတွင်း ပိုင်ရိုက်ကာရေစီး ကြောင်းပြောင်းစေပြီး ကမ်းနံရံချဲ့နေ ခြင်းနှင့် သက်ဆိုင်ရာဌာနအနေဖြင့် ငမိုးရိပ်ချောင်းရေရှည်ထိန်းသိမ်းရေး အတွက် မည်သို့ဆောင်ရွက်ထား ကြောင်း မေးမြန်းသည့်အပေါ်ပြည် ထောင်စုဝန်ကြီးက ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က"ငမိုးရိပ်ချောင်းဟာ ရန်ကုန် မြို့တော်ရဲ့ လူနေထူထပ်တဲ့ မြောက် ဥက္ကလာပ၊ တောင်ဥက္ကလာပ၊သာကေတ၊
ဒေါပုံနှင့်ပုဇွန်တောင်မြို့နယ်များကို ဖြတ်သန်းစီးဆင်းနေတဲ့အ တွက်ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများနည်း တူ မြစ်ကမ်းသာယာလှပရေး၊ အများ ပြည်သူအပန်းဖြေ
အနားယူနိုင်ရေး၊ မြစ်ကမ်းတစ်လျှောက် မြို့နယ်ချင်း ဆက်လမ်းများ ဖောက်လုပ်
နိုင်ရေး၊ ကူးတို့ဆိပ်များတည်ဆောက်နိုင်ရေး တို့အတွက် အထောက် အကူ
ပြုသည့် ငမိုးရိပ်ချောင်းဖွံ့ဖြိုးရေးအစီအမံများကို ရေးဆွဲဆောင်ရွက်သွားမည်ဖြစ် ပါတယ်"ဟု ပြောသည်။
ငမိုးရိပ်ချောင်းအတွင်း ကမ်းပြို မှုများဖြစ်ပွားနေသည့်ကိစ္စနှင့် ပတ် သက်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှစကာ ကမ်းတိုက်စားမှုများဖြစ်နေ သည့်
ချောင်းမြစ်ကွေ့ ၂၅ ခုကို ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိငမိုးရိပ်ချောင်းတွင် ဖြစ် ပေါ်နေမှုအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာစောနိုင်က "ငမိုးရိပ်ချောင်းကို ကုမ္ပဏီတစ်ခုက
ချောင်းအတွင်းပိုင်များရိုက်ပြီး ရေစီး ကြောင်းပြောင်းလဲအောင်ပြုလုပ်ထားပါတယ်။ အဲဒီလိုပြုလုပ်ထားတဲ့ အတွက် ကမ်းတစ်ဖက်ရှိဘုန်းကြီး ကျောင်းများ၊ အိမ်များနေရာမှ ကမ်း များပြိုပြိုကျလာသည်မှာ မကြာ ခဏ ဖြစ်ပေါ်နေပါတယ်"
ဟု ပြော သည်။
ယင်းအပေါ်ပြည်ထောင်စုဝန် ကြီးက ချယ်ရီဥယျာဉ်အိမ်ရာဝင်းအ တွင်း ဆာကူရာထရိတ်စင်တာသည် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန နှင့် အကျိုးတူအိမ်ရာဆောင်ရွက်နေ ကြောင်း၊ ချယ်ရီအိမ်ရာသည်ကမ်း ကာနံရံကို မည်သူနှင့်မျှညှိနှိုင်းတိုင် ပင်ခြင်းမရှိဘဲ ရေကာတာတစ်ခုအပါ အ၀င်ရေကာသုံးခု
တည်ဆောက်ထား ပြီး စနစ်မမှန်သည့်အတွက် ကမ်းပြို မှုများဖြစ်ပွားခဲ့ကြောင်း၊ ယင်းကြောင့် ဆာကူရာထရိတ်စင်တာက ရေထဲတွင် ဘိုးပိုင်များရိုက်ခြင်း၊ ပိုင်တိုင်၊ မျှောတိုင်၊ ရေကာများရိုက်ခြင်း၊ သဲအိတ်စီကာ သဲမှုတ်ထည့်ခြင်းများကို
ဆောင်ရွက် ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြောသည်။
"ရေအရင်းအမြစ်နှင့်မြစ်ချောင်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ကုန် တိုင်းဒေသကြီးရုံးအနေနဲ့ ၂၃.၈. ၂၀၁၆ ရက်နေ့မှ တောင်ဥက္ကလာပမြို့ နယ်မြို့မရဲစခန်းတွင် ရေအရင်းအ မြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၅ နဲ့အညီ တရားစွဲဆို ထားပါတယ်"ဟု ပြည်ထောင်စုဝန် ကြီး ဦးသန့်စင်မောင်ကထပ်လောင်း ပြောကြားခဲ့သည်။


Credit To >>> Democracy Today

0 comments:

Post a Comment