7.9.16

ကမ္ဘာ့စီးပွားရေးအတွက် ဂျီ၂၀ ခေါင်းဆောင်များ ကိုအပြောနှင့်အလုပ်ညီရဖို့ တရုတ်သမ္မတ ပြော


လက်ရှိအချိန်မှာ ကမ္ဘာ့စီးပွားရေးတိုးတက်ဖို့အတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြရလျက်ရှိရာမှာ ဂျီ၂၀ အုပ်စုမှ ခေါင်းဆောင်များအနေနဲ့ အပြောနှင့်အညီ လက်တွေ့လုပ်ဆောင်ပြသကြရတော့မှာဖြစ်တဲ့အတွက် တရုတ်သမ္မတရှီက တိုက်တွန်းပြောကြားသွားပါတယ်။
လက်တွေ့ဖြစ်မလာနိုင်တဲ့ ပြောဆိုမှုတွေ ရှောင်ရှားဖို့လိုတယ်လို့ ဂျီ၂၀အစည်းအဝေးမှာ တရုတ်သမ္မတက ကျန်ထိပ်သီးအင်အားကြီးနိုင်ငံခေါင်းဆောင်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

နှစ်စဉ်ကျင်းပတဲ့ ဂျီ၂၀ ထိပ်သီးအစည်းအဝေးကိုတော့ တရုတ်နိုင်ငံမှာ လက်ရှိအချိန်မှာကျင်းပနေခဲ့တာဖြစ်ပြီးတော့ ကမ္ဘာ့ခေါင်းဆောင်တွေ အသီးသီးတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဈေးကွက်မတည်ငြိမ်မှုတွေ၊ ကုန်သွယ်မှုပိုင်း အားပျော့မှုတွေနဲ့အတူ လက်ရှိ ကမ္ဘာ့စီးပွားရေးဟာ အရေးကြီး အခြေအနေတစ်ခုမှာ ရောက်နေပြီဖြစ်

တယ်လို့ တရုတ်သမ္မတက ဆိုပါတယ်။ဂျီ ၂၀ အစည်းအဝေး ပထမနေ့မှာတော့ ခေါင်းဆောင်တွေဟာ လက်ရှိ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းတွေအကြောင်း၊ ကုန်သွယ်မှုပိုင်းက အတားအဆီးတွေနဲ့ အီးယူကနေ ဗြိတိန်နှုတ်ထွက်မှုအကြောင်းတွေကိုဆွေးနွေးခဲ့ကြပါတယ်။

" ဆိုးကျိုးအန္တရာယ်တွေ၊ စိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းပိုင်းမှာ မြင့်မားတဲ့ မျှော်မှန်းချက်တွေတော့ ထားရှိလုပ်ဆောင်သွားဖို့ လိုပါလိမ့်မယ်" လို့ ရှီက ပြောပါတယ်။

ယခုဆွေးနွေးမှုတွေမှာတော့ ဂျီ၂၀ အုပ်စု ခေါင်းဆောင်တွေအကြား စီးပွားရေးတိုးတက်မှုမြှင်တင်အားပေးဖို့ အတူလကတွဲလုပ်ဆောင်ဖို့လိုတယ်ဆိုတဲ့အကြောင်း သဘောတူညီမှုရခဲ့တယ်လို့လည်း ဂျာမန်အဓိပတိ မာကယ်လ်က ပြောကြားသွားပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment