7.9.16

တောင်ကိုရီးယားရဲ့ credit card ထုတ်ကုမ္ပဏီ Shinhan Card မြန်မာနိုင်ငံ မှာ လုပ်ငန်းတွေ စတင်လုပ်ဆောင်တော့မည်


တောင်ကိုရီးယားရဲ့ အကြီးဆုံး အကြွေးဝယ်ကတ် credit card ထုတ်ကုမ္ပဏီ Shinhan Card ဟာ မြန်မာနိုင်ငံမှာ ယင်းရဲ့လုပ်ငန်းတွေ စတင်လည်ပတ်လုပ်ဆောင်ပေးတော့မှာဖြစ်တယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။


Shinhan Card ဟာဆိုရင် စက်တင်ဘာလ ၆ ရက်နေ့ကလည်း မြန်မာနိုင်ငံမှာ ရှိတဲ့ ယင်းရဲ့လုပ်ငန်းခွဲ Shinhan MicroFinance ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်သွားခဲ့ပါတယ်။

ယင်းအခမ်းအနားနဲ့အတူ တောင်ကိုရီးယားရဲ့ Shinhan Card လုပ်ငန်းဟာအရှေ့တောင်အာရှ မြန်မာနိုင်ငံမှာ စတင်ပြီး ယင်းရဲ့ဝန်ဆောင်မှုတွေကိုဖြန့်ကျက်ပေးသွားတော့မှာဖြစ်ပါတယ်။ အလားတူ မကြာမီမှာလည်း Shinhan Bank ဟာဆိရင်လည်း နိုင်ငံကို ၀င်ရောက်လာဖို့ ပြင်ဆင်ထားနေပြီလို့လည်းသိရပါတယ်။

ခုလိုမျိုး ကိုရီးယားဘဏ်ကြီးတစ်ခုနဲ့ ယင်းရဲ့ဆက်စပ် အကြွေးဝယ်ကတ်ထုတ်သူ ကုမ္ပဏီတို့ မြန်မာဈေးကွက်ကို ထိုးဖေက်ဝင်ရောက်လာတာကပထမအကြိမ်လည်းဖြစ်ပါတယ်။

Shinhan Bank ရဲ့ မြန်မာနိုင်ငံမှာ လာရောက်လုပ်ဆောင်လိုတဲ့အဓိကရည်ရွယ်ချက်ကတော့ ဘဏ္ဍာရေးပေါင်းစည်းမှုပိုင်းမှာ အဓိကအလေးထားလုပ်ဆောင်လိုနေတာဖြစ်ပြီးတော့ Shinhan Card ကလည်း ယင်းရဲ့ ပမာဏနည်းပါးတဲ့ ချေးငွေတွေကို Shinhan Bank နဲ့ အချိတ်အဆက်ရှိမယ့် လုပ်ငန်းတွေက ၀န်ထမ်းတွေကို ထုတ်ပေးလိုနေတာဖြစ်တယ်လို့ သိရပါတယ်။

Shinhan MicroFinance အနေနဲ့ ဈေးကွက်မှာ ယင်းရဲ့ ဂုဏ်သတင်းနာမည်ကောင်းတစ်ခု ရရှိလာတာနဲ့ အခြား ဘဏ္ဍာရေးထုတ်ကုန်အမျိုးမျိုးဘက်ကိုလဲ ပြောင်းရွှေ့လုပ်ကိုင်ပေးသွားဖို့ စီစဉ်ထားပါတယ်။ယခုနှစ်ပထမနှစ်ဝက်မှာတော့ Shinhan Card အနေနဲ့ လုပ်ငန်းလည်ပတ်မှုအသားတင်အမြတ် ၀မ်ငွေ ၃၅၅ ဒသမ ၂ ဘီလီယံ (ဒေါ်လာ ၃၂၁ ဒသမ၃၀ သန်း) ထိရရှိထားတယ်လို့ သိရပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment