
ွGoden Orbit Lnt'l fravels & tours ကုမ္ပဏီအစီအစဉ်ဖြင့် အမေ ရိကန်နိုင်ငံသား Mr.Alan Edward Kelso ဦးဆောင်သည့် ဂျာမနီနိုင် ငံသားတစ်ဦး၊ ဗြိတိန်နိုင်ငံသားတစ် ဦး၊ နယူးဇီလန်နိုင်ငံသားကျားငါးဦး နှင့် မ လေးဦး စုစုပေါင်း ၁၂ ဦးသည် မော်တော်ဆိုင်ကယ် ၁၂ စီးဖြင့် ထိုင်း နိုင်ငံ မဲဆောက်မြို့မှတစ်ဆင့် မြ၀တီနယ်စပ်ဂိတ်မှ ပြည်တွင်းသို့ အောက် တိုဘာ ၁၇ ရက် ညနေက ၀င်ရောက် ခဲ့ကြသည်။
""သူတို့က ပြည်တွင်းမှာရှိတဲ့ ကျိုက်ထို၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ ညောင်ရွှေ၊ နမ့်ဆမ်၊ မိုင်းပြင်း၊ တာ ချီလိတ်စတဲ့ မြို့ရှစ်မြို့ကို ဆိုင်ကယ် တွေနဲ့ ၀င်ရောက်လည်ပတ်ကြပြီး မြန်မာပြည်ရဲ့ ရိုးရာဓလေ့တွေ၊ ယဉ် ကျေးမှုတွေ၊ သဘာဝပတ်ဝန်းကျင် အလှတွေ၊ ဘုရားပုထိုးစေတီတွေကို လေ့လာကြမှာဖြစ်သလို မှတ်တမ်း ဓာတ်ပုံတွေရိုက်ကူးကြမှာဖြစ်ပါ တယ်။
သူတို့အနေနဲ့ ဒါပထမဦးဆုံး ခရီးစဉ်ပါ။ နောက်ထပ်လည်းလာ ကြဦးမယ်လို့ သိရပါတယ်။ နောက်တစ်ခါလာရင် တခြားမြို့တွေကို လေ့ လာကြမယ်လို့ သိရပါတယ်""ဟု ဧည့် လမ်းညွှန် ဦးအောင်နိုင်က ပြောကြား သည်။
ဆိုင်ကယ်စီးကမ္ဘာလှည့်ခရီးသည် အဖွဲ့အား ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နမှ ဆက်ဆံရေးအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးကံမြင့်နှင့် ကုမ္ပဏီ ဧည့်လမ်းညွှန် ဦးအောင်ခိုင်တို့က မြ၀တီနယ်စပ်တံတားမှ ကြိုဆိုခဲ့ကြ ပြီး ၎င်းင်းအဖွဲ့သည် မြ၀တီမြို့၌ တစ် ညတာတည်းခိုအနားယူကြသည်။
ဆိုင်ကယ်စီးအဖွဲ့သည် အောက် တိုဘာ ၁၈ ရက် နံနက် ၈ နာရီတွင် မြ၀တီမြို့မှ ကျိုက်ထို၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ ညောင်ရွှေ၊ နမ့်ဆမ်၊ မိုင်းပြင်းနှင့် တာချီလိတ်မြို့များသို့ ၁၀ ရက်ခရီးအဖြစ် သွားရောက်လည် ပတ်ကြမည်ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်တွင် တာချီလိတ်မြို့မှ ထိုင်း နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ် ကြောင်း သိရသည်။
Credit To >>> Democracy Today
0 comments:
Post a Comment