19.10.16

ရန်ကုန်မြို့တွင်း ကွန်တိန်နာယာဉ်များသတ်မှတ်ချိန်အတွင်း ဖြတ်သန်း ခွင့်ပြုမည့်အစီအစဉ်အရစည်းကမ်းမလိုက်နာသည့်ယာဉ်များကို အရေးယူရန် ယာဉ်ထိန်းရဲများထားရှိမည်

ရန်ကုန် မြို့အတွင်း နိုဝင်ဘာတွင်စတင်၍ ကုန်သေတ္တာတင်ယာဉ်များ သတ်မှတ် အချိန်အတွင်းသာ ဖြတ်သန်းခွင့်ပြု မည့်အစီအစဉ်စတင်မည်ဖြစ်သ ဖြင့် စည်းကမ်းလိုက်နာမှုမရှိသည့် ယာဉ်များကိုအရေးယူနိုင်ရန် သတ် မှတ်နေရာများတွင် ယာဉ်ထိန်းရဲ များထားရှိဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ရန်ကုန်မြို့တော်အတွင်း ယာဉ် ကြောကျပ်မှုကို ဖြေလျှော့နိုင်ရေး အတွက် ကုန်သေတ္တာတင်ယာဉ် ကြီးများအား နိုဝင်ဘာ ၁ ရက်မှ စ တင်ကာ ညပိုင်းတွင်သာ သတ်မှတ်လမ်းအတိုင်းဖြတ်သန်းအသုံးပြုခွင့်
ပြုတော့မည်ဖြစ်ရာယင်းအစီအမံ စတင်ဆောင်ရွက်သည့်ကာလတွင် ကုန်သေတ္တာတင်ယာဉ်ကြီးများဝင် လာပါက ယာဉ်ထိန်းရဲများက ဖမ်း ဆီးစစ်ဆေးအရေးယူသွားမည်ဖြစ် ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီးအောင် ကိုဦးက အောက်တိုဘာ ၁၈ ရက် တွင် ဒီမိုကရေစီတူဒေးသို့ ပြော သည်။

""နိုဝင်ဘာလကစပြီး ကုန် သေတ္တာတင်ယာဉ်တွေက နေ့ခင်း ဘက်တွေ ဖြတ်သန်းခွင့်မပြုတော့ ဘူး။ ဒါကြောင့် နေ့ခင်းဘက်မှာ ၀င် လာရင် စစ်ဆေးအရေးယူမယ်။ ဥပမာ-ရန်ကုန်မြို့တွင်းထဲကို သာ ကေတ ရှုခင်းသာလမ်းထဲကို ၀င် လာမယ်ဆိုရင် ဗန္ဗုလတံတားကနေ အဖွဲ့တွေချထားလိုက်ရင် ၀င်လာ တာနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက် သွားမယ်။ ဒီကားတွေ နေ့ခင်းဘက် ၀င်လို့မရဘူးဆိုတာကို သိစေချင် တာကြောင့် အဲဒီအစီအမံစတာနဲ့ တစ်လလောက် ကုန်သေတ္တာတင် ကားတွေဝင်တဲ့ လမ်းကြောင်းတွေ မှာ ယာဉ်ထိန်းရဲတွေ ချထားပေး သွားမယ်""ဟု ၎င်းင်းက ပြောသည်။

လာမည့်နိုဝင်ဘာ ၁ ရက်မှ စ တင်၍ အေးရှားဝေါကုန်သေတ္တာစ ခန်းနှင့်သီလ၀ါကုန်သေတ္တာစခန်း တို့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ စက်မှုဇုန်များသို့ကုန်သေတ္တာများ သယ်ယူပို့ဆောင်နေသည့် ကုန်သေ တ္တာတင်ယာဉ်ကြီးများအပါအ၀င် ရန်ကုန်တိုင်းအတွင်းသို့ လမ်းကြောင်း အသီးသီးမှ ၀င်ရောက်လာမည့် ကုန်သေတ္တာတင်ယာဉ်များအနေ ဖြင့်လည်း နံနက်ပိုင်းတွင်တည် ဆောက်ထားပြီးဖြစ်သည့် ကုန်တင် ယာဉ်ရပ်နားစခန်းများတွင်ရပ်နား ထားရမည်ဖြစ်ပြီး ညပိုင်းမှသာ ယင်း ယာဉ်များအသုံးပြုရန်သတ်မှတ်ပေးထားသည့်လမ်းများကိုအသုံးပြုခွင့် ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။

ယင်းလမ်းကြောင်းများအား အသုံးပြုခွင့်ကို ည ၉ နာရီမှ နံနက် ၅ နာရီခွဲအတွင်းသာဖြတ်သန်းခွင့်ပြု ရန်အတွက်
ညှိနှိုင်းဆွေးနွေးနေကြပြီဖြစ်ကြောင်းသိရသည်။

ယင်းကုန်တင်ယာဉ်များသည် ရန်ကုန်မြို့တော်စည်ပင်လမ်းများ ပေါ်တွင် သွားလာနေသည်ဟုဆို သော်လည်း ကုန်သေတ္တာတင်ယာဉ် ကြီးနှင့်ကုန်တင်ယာဉ်ကြီးများ၏လုပ်ငန်းရှင်များနှင့်ယင်းတို့နှင့်ဆက်နွှယ် နေသောဌာနဆိုင်ရာများနှင့်လည်းသက်ဆိုင်သည့်အတွက်ပူးပေါင်းညှိ
နှိုင်းဆွေးနွေးနေကြဆဲဖြစ်ကြောင်း သိရသည်။




Credit To >>> Democracy Today

0 comments:

Post a Comment