18.10.16

NCA လက်မှတ်ထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့်DPN အဖွဲ့တို့တွေ့ဆုံ၊ နိုင်ငံရေးမူဆွေးနွေးမှုဆိုင်ရာ မူဘောင်အခြေအနေကို ဆွေးနွေး



NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့၏ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့

Coordina-tion Team(CT)နှင့် UNFC ၏ကိုယ် စားလှယ် DPN အဖွဲ့တို့ တွေ့ဆုံကာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် အခြေအနေကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ ရက်တွင်ပါရမီဟိုတယ်၌ နှစ်ဖက်တွေ့ဆုံ
ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး CTနှင့် DPN အဖွဲ့အကြား ဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းခဲ့ကြောင်း သိရ သည်။
ထို့အပြင် အောက်တိုဘာ၁၈ရက် တွင်အမျိုးသားပြန်လည်သင့်မြတ်ရေး
နှင့်ငြိမ်းချမ်းရေးဗဟိုဌာနNRPC ၌ ပြုလုပ်မည့် ဆဋ္ဌမအကြိမ်နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်သုံးသပ် ခြင်းအစည်းအဝေးမပြုလုပ်မီ DPN နှင့်NCA လက်မှတ်ရေးထိုးပြီးသည့် အဖွဲ့များ၏ Coordination Team (CT) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခင်နိုင်ငံရေးဆွေးနွေးမှုဆိုင် ရာမူဘောင်သုံးသပ်ခြင်း အစည်းအ ဝေးသို့ DPN အဖွဲ့မှ တက်ရောက်ခဲ့ ခြင်းမရှိသည့်အတွက် ယင်းဆွေးနွေးပွဲ
နောက်ဆုံးအခြေအနေနှင့် ပတ်သက် ပြီး ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့
ကြောင်းနှင့်DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောသည်။
နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေး နွေးရေးကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ ခေါင်းဆောင်ခူးဦးရယ်က ""ကျွန်တော် တို့ဘက်ကလည်း မူဘောင်နဲ့ပတ်သက် ပြီး ရှေ့ဆက်သွားမယ့်အဆင့်တွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းသိဖို့ လိုတယ်။ အထူးသဖြင့် မူဘောင်ကိစ္စ တစ်စုံလုံးကိုပြောမှာလား။ သို့မဟုတ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲကိုပဲဦးစားပေးပြီးပြောမှာလား စသည် ဖြင့်ပေါ့။ ကျွန်တော်တို့နားလည်တာ ကတော့ မူဘောင်တစ်စုံလုံးအားလုံး ကျေလည်ပြီးမှပဲ ကျန်တဲ့အဆင့်တွေ ကို ဘယ်လိုစမလဲဆိုတာကို နောက် မှပဲ စဉ်းစားမယ့်သဘောလို့နားလည် တယ်။
ဒါပေမဲ့ အခုအစိုးရဘက်က ခြေလှမ်းပြင်နေတာက နိုဝင်ဘာလ မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲကို စတင်မယ်လို့ပြောတာမျိုး ကြားရတယ်ဆိုတော့ မူဘောင်ပြန် လည်သုံးသပ်မှုတစ်စုံလုံး မလုပ်ဘဲနဲ့ အမျိုးသားအဆင့် နိုင်ငံရေးအတွက် လိုအပ်တဲ့ပြင်ဆင်မှုလောက်ပဲ ညှိနှိုင်း ဆွေးနွေးမယ်ဆိုတဲ့သဘောမျိုး ကြား တော့ ဒါနဲ့ပတ်သက်ပြီး CT ကိုရှင်းရှင်းလင်းလင်းသိအောင် တွေ့ဆုံဆွေး နွေးခဲ့ခြင်းဖြစ်ပါတယ်""ဟု ပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်နာယက ခွန်ဥက္ကာက ""ဒီဖြစ်စဉ်ထဲမှာ ပါနိုင်တဲ့အဆင့်၊ ပါ သင့် ပါထိုက်တဲ့အဆင့်မှာ ကွင်းဆက် မပြတ်ဘူးဆိုတာကတော့ ကောင်း တဲ့အလားအလာပါပဲ။ ကွင်းဆက် ပြတ်နေတယ်၊ ဘယ်မှာမှ မပါဘူးဆို ရင်တော့ နည်းနည်းစိမ်းကားနေ တာပေါ့လေ။ ခုဟာကတော့ နီးစပ် တဲ့သဘောရှိတယ်""ဟု ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူ ဘောင်ပြန်လည်သုံးသပ်ပြီး အသစ် ရေးဆွဲမည့်မူကြမ်းကို အတည်ပြုခြင်း နှင့် အကောင်အထည်ဖော်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရာတွင် ပါဝင် နိုင်ရန်အတွက်UPDJC အဖွဲ့မှသာ အတည်ပြုနိုင်မည်ဖြစ်သည့်အတွက် NCA စာချုပ်ကို လက်မှတ်ရေးထိုးရန် လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

Credit To >>> Democracy Today

0 comments:

Post a Comment