18.10.16

ပိတ်သိမ်းရန် လျှောက်ထားသည့် ကားအရောင်းစင်တာ ၂၀ ခန့်ရှိ

ပိတ်သိမ်းခွင့် လျှောက် ထားသည့် ကားအရောင်းစင်တာ များကို အပ်ကုန်စနစ်ဖြင့် တင် သွင်းထားသည့်ကားများ စာရင်း ရှင်းလင်းပြီးမှသာ ပိတ်သိမ်းခွင့် ပေးမည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကားအရောင်းစင်တာများ ကို စည်းကမ်းချက်အသစ်များ ထုတ်ပြန်ကြပ်မတ်ပြီးနောက်ပိုင်း တွင် ပိတ်သိမ်းရန် လျှောက်ထား သည့် အရောင်းစင်တာ ၂၀ ခန့်ရှိ ကြောင်း အောက်တိုဘာ ပထမ ပတ်က ထုတ်ပြန်ထားသည်။
အဆိုပါ အရောင်းစင်တာ များသည် ယခင်နှစ်များက တင် သွင်းလာသည့် ကားများနှင့်ပတ် သက်၍ စာရင်းရှင်းလင်းနိုင်မှသာ ပိတ်သိမ်းခွင့်ပြုမည်ဖြစ်သည်။
ကားအရောင်းစင်တာနှင့် ကားအရောင်းပြခန်းအချို့သည် သတ်မှတ်ထားသော စံနှုန်းများအ တိုင်း နေရာပြောင်းရွှေ့ရန် အ ခက်အခဲ ရှိသဖြင့် ပိတ်သိမ်းရန် လျှောက်ထားခြင်းများဖြစ်သည် ဟု အထက်ပါဌာန ဒုတိယညွှန် ကြားရေးမှူးက ဆိုသည်။
‘‘တချို့က နေရာငှားရမ်းပြီး ဖွင့်လှစ်ကြတယ်။ စံနှုန်း သတ် မှတ်ချက်နဲ့ ကိုက်ညီမယ့် နေရာ ပြောင်းရွှေ့ဖို့ ဈေးနှုန်းကြီးမြင့်မှု တွေ ရှိတဲ့အတွက် ပိတ်သိမ်းပြီး ပြန်အပ်ဖို့ လျှောက်ထားတာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောကြားသည်။
ပြည်တွင်း၌ ကားအရောင်း စင်တာနှင့် အရောင်းပြခန်းပေါင်း ၂၀၀ ကျော်ရှိပြီး အရောင်းစင်တာ နှင့် အရောင်းပြခန်းများ၏ သတ် မှတ်ချက်များကို ၂၀၁၅ နှစ်လယ် တွင် သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ သည်။ ၎င်းတို့ သတ်မှတ်ချက်နှင့် ကိုက်ညီခြင်း ရှိ၊ မရှိ ပြီးခဲ့သည့် ဖေဖော်ဝါရီ၌ သက်ဆိုင်ရာ တာ ၀န်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုပြုလုပ်ရာတွင် ရောင်းချပြီး ကားများ၏ ငွေလွှဲ လက်ကျန်များခြင်း၊ ပြည်တွင်းသို့ တင်သွင်းပြီး ၂ နှစ် သက်တမ်း ကျော်လွန်သော ကားများခြင်းနှင့် အခွန်ဆောင်ရမည့် ချို့ယွင်းချက် များရှိခြင်း စသည့် သတ်မှတ်ချက် နှင့် မကိုက်ညီသော အချက်များ စစ်ဆေးတွေ့ရှိခဲ့သည်။
ပိတ်သိမ်းရသည့်အကြောင်း ရင်းများတွင် ရန်ကုန်လိုင်စင်ချ မ ပေးခြင်း၊ အရောင်းပြခန်း၊ အ ရောင်းစင်တာများ၏ အကျယ် အ၀န်းဧရိယာသတ်မှတ်ချက်များ တိုးမြှင့်လာခြင်း၊မြေငှားရမ်းခများ ဈေးမြင့်တက်လာခြင်းနှင့် မော်တော် ယာဉ်မူဝါဒများ မတည်ငြိမ်ခြင်း တို့ကြောင့် လုပ်ငန်းလုပ်ကိုင်ရန်အခက်အခဲများ ကြုံတွေ့ရကြောင်း မော်တော်ယာဉ်တင်သွင်းရောင်းဝယ်ရေး လုပ်ငန်းရှင် အချို့က ပြောကြားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment