17.10.16

အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ဈေးကွက်လာရောက်လေ့လာဟုဆို

အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံရန် ဈေးကွက် လာရောက်ရှာဖွေနေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက် မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြား သည်။

မြန်မာနိုင်ငံသည် နိုင်ငံတ ကာ စီးပွားရေးအသိုက်အ၀န်းကို မကြာမီ ၀င်ရောက်နိုင်ပြီး အမေရိကန်နိုင်ငံနှင့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
အမေရိကန် ကျောက်လုပ် ငန်းရှင်များအသင်းသည် မြန်မာ နိုင်ငံနှင့် ချိတ်ဆက်ပြီး လုပ်ငန်း လုပ်ကိုင်ရန် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်နှင့် အောက်တို ဘာ ၁၂ ရက်က တွေ့ဆုံခဲ့ပြီး အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ပတ္တမြားထွက်ရှိရာဒေသသို့ သွား ရောက်လေ့လာနေသည်ဟု ဆို သည်။
‘‘အမေရိကန် ကုမ္ပဏီတွေ တိုင်းဒေသကြီးအစိုးရတွေနဲ့ လာ ညှိနေတာတွေရှိတယ်။ စင်ကာပူ၊ ထိုင်း နိုင်ငံတို့မှာ ကုမ္ပဏီထောင် ပြီး လာတာများတယ်’’ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။
 ထို့အပြင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းအမှတ် တံဆိပ်များ ဈေးကွက်ထိုးဖောက် မှုမြှင့်တင်နိုင်ရန် အမေရိကန်နိုင်ငံ Diversity Expert ဖြစ်သူ Ms.Jane Hran, EdD က အောက် တိုဘာ ၁၄ ရက်တွင် ကုန်သည် စက်မှုအသင်းချုပ် ရန်ကုန်ရုံးချုပ် တွင် ဖော်ပြခဲ့သည်။
‘‘ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို နိုင်ငံတကာကို ဘယ်လိုထိုးဖောက် မလဲဆိုတာကို လာပြီးရှင်းပြတာ ပါ’’ဟု ဒေါက်တာမောင်မောင် လေးက ပြောသည်။
မြန်မာနိုင်ငံတွင် အမေရိ ကန်စီးပွားရေးရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့် သြဂုတ်ကုန်အထိ လုပ် ငန်းပေါင်း ၁၇ ခုနှင့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၈ သန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရသိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment