17.10.16

ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းရှင်ကြီးများ အောက်တိုဘာ ၂၂ ရက်တွေ့ဆုံမည်

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရသော စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံပွဲကို အောက်တိုဘာ ၂၂ ရက်တွင် နေပြည်တော်ရှိမြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြန်လည် ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ၂၀၁၆ ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ၏စီးပွားရေး မူဝါဒ(၁၂)ချက်ကို အကောင်အထည်ဖော်မည့် အသေးစိတ်မူဝါဒအချက်အလက်များ ထုတ်ပြန်မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။
‘‘ရင်းနှီးမြှုပ်နှံမှုမူဝါဒနဲ့ သက်ဆိုင်တာတွေအပါအဝင် စီးပွား ရေးမူဝါဒအသေးစိတ်ပါ ထုတ်ပြန် သွားမှာပါ’’ဟု ၎င်းက ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ ဆုံပွဲကို မူလက စက်တင်ဘာ ၂၈ ရက်တွင် နေပြည်တော်၌ ပြုလုပ် ရန် စီစဉ်ခဲ့သည်။ သို့သော် သီတင်းနှစ်ပတ်ကျော်ကြာ အမေရိကန်နှင့် လန်ဒန်ခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ခရီးပန်းပြီး ကျန်းမာရေးအခြေအနေကြောင့် တွေ့ဆုံပွဲကို ယာယီရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင် များတွေ့ဆုံပွဲသည် နိုင်ငံ့အနာ ဂတ်စီးပွားရေးအတွက် များစွာ အရေးကြီးကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။
ယခုတွေ့ဆုံပွဲတွင် စီးပွား ရေးနှင့်ပတ်သက်၍ အသေးစိတ် မူဝါဒများထုတ်ပြန်ရာတွင် တိကျ သေချာပြီး အစိုးရ၏အနာဂတ် တွင် ပုံဖော်လိုသည့် စီးပွားရေးပုံစံ မျိုးကို လမ်းညွှန်ပေးရန် လိုအပ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်အ ချို့က ဆိုသည်။
စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် တွေ့ဆုံပွဲတွင် လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးတုံ့ နှေးမှုအခက်အခဲကို တိကျသေချာ စွာ တင်ပြနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်ဟု လုပ်ငန်း ရှင်အချို့က ပြောသည်။
စီးပွားရေးတုံ့ဆိုင်းမှုနှင့်ပတ် သက်၍ အစိုးရတစ်ဖွဲ့တည်း ဖြေ ရှင်းမရဘဲ ပုဂ္ဂလိကကဏ္ဍနှင့် ပူး ပေါင်းကာ အကောင်းဆုံးအဖြေ ရှာပြီး အခက်အခဲကို ကျော်ဖြတ် ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိ ယဥက္ကဋ္ဌ ဦးဝေဖြိုးက ပြောကြား သည်။
လက်ရှိ အစိုးရသည် စတင် တာဝန်ယူပြီး သုံးလခန့်ကြာမြင့် ချိန် ပြီးခဲ့သည့် ဇူလိုင်လကုန်တွင် တိကျသေချာမှုမရှိသော စီးပွား ရေးမူဝါဒချမှတ်ပြီး အစိုးရသက် တမ်းခြောက်လကျော် ရောက်ရှိ ချိန်ကျမှသာ စီးပွားရေးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံခြင်းသည် အနည်းငယ်ပင် နောက်ကျနေ ကြောင်း စီးပွားရေးလုပ်ငန်းရှင်အ ချို့က ဆိုသည်။ နိုင်ငံရေးနှင့်ပြည် တွင်းငြိမ်းချမ်းရေးကို ဦးစားပေးခဲ့ သော အစိုးရသစ်၏သက်တမ်း ခြောက်လပြည့်ချိန်တွင် စီးပွားရေးကဏ္ဍ၌ ငွေကြေးဖောင်းပွမှု၊ နိုင် ငံခြားငွေကြေးတန်ဖိုးမတည်ငြိမ် မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကို ပြည်သူများခံစားနေရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်း ဇင်က ပြောသည်။
အစိုးရသစ်၏ကြွေးကြော်သံ ဖြစ်သော ‘ပြောင်းလဲချိန်တန်ပြီ’ ဆိုသည့် စကားလုံးသည် အောက် ခြေအဆင့်ကဏ္ဍအားလုံးကို လွှမ်း ခြုံနိုင်စွမ်းမရှိခြင်းကြောင့် စီးပွား ရေးလုပ်ငန်းများ အခက်အခဲဖြစ်ရ ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။ ကိုယ်ကျိုးစီးပွားကို ဦးစားပေးပြီး လူတစ်စု၏အကျိုးစီး ပွားအတွက် လုပ်ဆောင်ခဲ့သော ယခင်အစိုးရ၏စီးပွားရေးမူဝါဒ နှင့် အခွင့်အရေးတန်းတူပေးမည့် လက်ရှိ အစိုးရ၏မူဝါဒအကြား စီး ပွားရေးလုပ်ငန်းရှင်များသည် လုပ် ငန်းများလုပ်ကိုင်ခြင်းမရှိဘဲ ၎င်း တို့ငွေကြေးများကို ဘဏ်များ၌ သာ အပ်နှံထားသဖြင့် ဘဏ်များ၌အပ်ငွေ များပြားနေကြောင်း ပုဂ္ဂလိက ဘဏ်တစ်ခုမှ ထိပ်ပိုင်းတာဝန် ထမ်းဆောင်နေသူတစ်ဦးက ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment