17.10.16

အခုဘဏ္ဍာနှစ်ရဲ့ ပြည်ပသွင်းကုန်ပစ္စည်းတင်သွင်းမှုတွေ လျော့နည်းကျဆင်းနေ

အခုဘဏ္ဍာနှစ်ရဲ့ ပြည်ပသွင်းကုန်ပစ္စည်းတင်သွင်းမှုတွေ လျော့နည်းကျဆင်းနေဆဲပဲလို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရသိရပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်ရဲ့ အောက်တိုဘာပထမအပတ်အထိ နိုင်ငံသွင်းကုန်ပမာဏက ကန်ဒေါ်လာ ၇ ဒသမ ၆၇ ဘီလီယံသာရရှိထားပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကာလတူ တင်သွင်းမှုတွေထက် ကန်ဒေါ်လာ ၅၅၁ သန်းကျော်လျော့ နည်းသွားတာလည်းဖြစ်ပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနတာဝန်ရှိသူက “ ၀န်ကြီးဌာနပိုင်းက ကုန်သွယ်မှုဖြေလျော့တာတွေလည်းလုပ်ပေးနေ ပါတယ်။ ဒီနှစ်ကရင်းနှီးမြုပ်နှံတာလည်း နည်းနည်းကျသွားတယ်၊ ငွေကြေးလဲလှယ်နှုန်းတွေလည်း နည်းနည်းအ တက်ဘက်မှာရှိလို့ဖြစ်ပါလိမ်မယ်” လို့ပြောဆိုပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ထုတ်ပြန်ချက်တွေအရလည်း အခုဘဏ္ဍာနှစ်ရဲ့ ပြည်ပရင်းနှီးမြုပ်နှံမှုစီးဝင်မှု က ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ရင်းနှီးမြပ်နှံမှုဝင်ရောက်မှုတွေထက် ကန်ဒေါ်လာ ၃ ဘီလီကျော်လောက်လျော့ကျနေတာ ကိုလည်းတွေ့ရပါတယ်။
ဝန်ကြီးဌာနရဲ့စားရင်းတွေအရကို လက်ရှိရင်းနှီးမြုပ်နှံမှုကုန်ပစ္စည်းစီးဝင်မှုကကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ကျော်သာရရှိပြီး အရင်ဘဏ္ဍာနှစ်ထက်ကိုတင်သွင်းမှုက ၁ ဘီလီကျော်လျော့ကျသွားတာလည်းဖြစ်ပါတယ်။ လုပ်ငန်းသုံးကုန်ကြမ်ပစ္စည်းတင်သွင်းမှုကန်ဒေါ်လာ ၂ ဒသမ ၅၆ ဘီလီယံ၊ လူသုံးကုန်ပစ္စည်းတင်သွင်းမှုကကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော်ရရှိထားတာကြောင့် လုပ်ငန်းသုံးနဲ့လူသုံးကုန်ပစ္စည်းတင်သွင်းမှုတွေကတော့ လျော့ကျသွားခြင်းမရှိပါဘူး။
စီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းကတော့ ဗဟိုဘဏ်ရဲ့သတိပေးမှုတွေကြောင့်လည်း ပြည်ပဒေါ်လာငွေလဲ လှယ်နှုန်းအခုရက်ပိုင်းမှာ အနည်းငယ်ပြန်လည်တည်ငြိမ်လာသို ရင်းနှီးမြုပ်နှံမှုဥပဒေအသစ်ကလည်း အတည် ပြုထွက်ရှိလာဖို့တွေရှိတာကြောင့်လည်း မကြာခင်ပြည်ပရင်းနှီးမြုပ်နှံမှုတွေ စီးဝင်လာပြီးသွင်းကုန်တန်ဖိုးတက် လာနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment