17.10.16

အာရှဒေသကိုအာရုံစိုက်လုပ်ငန်းတိုးချုဲ့ ဖို့Harley-Davidson စီစဉ်

အမေရိကန်နာမည်ကြီး မော်တော်ဆိုင်ကယ်ထုတ်လုပ်ငန်းဖြစ်တဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့တိုးတက်နိုင်စေဖို့အတွက်Harley-Davidson ကအာရှဒေသကို ပိုမိုအလေးထားအာရုံစိုက်သွားဖို့စီစဉ်နေပါတယ်။

ယခုအချိန်မှာ ပြည်တွင်းဈေးကွက်တစ်ခုထဲကိုပဲ မမှီခိုတော့ဘဲ အာရှဒေသအတွင်းက နိုင်ငံသစ်တွေဆီ တိုးချဲ့ဝင်ရောက်ပြီးတော့ အရောင်းကိုယ်စားလှယ်တွေ ဖြန့်ကျက်ချထားပေးဖို့ရှိတယ်လို့ ယင်းရဲ့ အမှုဆောင်အရာရှိချုပ်က ထုတ်ဖော်ပြောဆိုသွားပါတယ်။

တရုတ်၊ အိန္ဒိယ နဲ့ ဗီယက်နမ်တို့လို ရှိရင်းစွဲ အာရှဈေးကွက်တွေမပါဘဲ ယင်းရဲ့တိုးတက်မှုအပေါ် ကုမ္ပဏီအနေနဲ့ ဆက်လက်အကောင်းမြင်ထားဆဲဖြစ်ပြီးတော့ ယခုအခါမှာလည်း ကမ္ဘောဒီးယားလို နိုင်ငံသစ်တွေဆီတိုးချဲ့ဝင်ရောက်နိုင်ဖို့ စီစဉ်ထားတယ်လို့ စီအီးအို Matthew Levatich က ပြောသွားပါတယ်။

" ဒီဒေသမှာက ကျွန်တော်တို့အတွက်ကတော့ မယုံနိုင်စရာကောင်းတဲ့ အလားအလာကောင်းတွေအများကြီး ရှိနေပါတယ်" လို့ ၎င်းကပြောကြားသွားပါတယ်။

အာရှ-ပစိဖိတ်ဒေသအပေါ် အသေးစိတ်လုပ်ငန်းချဲ့ထွင်မယ့်အစီအစဉ်နဲ့ပတ်သက်လို့ Levatich က ပြောမသွားပေမယ့်လည်း လုပ်ငန်းရဲ့ အရောင်းပိုင်းကိုယ်စားလှယ်ချထားမှုတော်တော်များများကိုတော့ဒေသတွင်းမှာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ၎င်းက အတည်ပြုသွားပါတယ်။

အာရှ-ပစိဖိတ်ဒေသဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကတော့ ကုမ္ပဏီရဲ့ လက်လီအရောင်းပိုင်းအတွက် ၁၂ ရာခိုင်နှုန်းလောက် ပါဝင်ထောက်ကူပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment