17.10.16

အစိုးရနှင့် UNFC တို့ NCA အတွက် သဘောတူညီချက် အချို့ရရှိ

အစိုးရ၏ငြိမ်းချမ်း ရေးကော်မရှင်နှင့်ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒ ရယ်ကောင်စီ(UNFC)၏ကိုယ် စားလှယ်အဖွဲ့ (DPN) တို့သည် အောက်တိုဘာ ၁၅ ရက်က နေ ပြည်တော်၌ တွေ့ဆုံဆွေးနွေးရာ အချက်အချို့ သဘောတူညီချက် ရခဲ့ကြောင်း သတင်းရရှိသည်။
‘‘ရှစ်ချက်မှာ လေးချက်ကတော့ နှစ်ဖက်သဘောတူသွားနိုင် တယ်။ ရှေ့ဘယ်လိုဆက်လုပ်မ လဲဆိုတဲ့ အပိုင်းတွေပေါ့။ အဲဒီတော့ ကျန်တဲ့ဟာကတော့ အဓိကကျွန်တော်တို့ပြောရမှာက နှစ်ဖက်အနေနဲ့ လက်မှတ်ထိုးပြီး ဘာတွေ ဆက်လုပ်ဖို့ လိုတယ်ဆိုတာကို ဆက်လက် ညှိနှိုင်းရမှာ ဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။

သို့သော် UNFC အဖွဲ့ဝင်များပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA)တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းရန် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အချက်အချို့ ကျန်နေသေး၍နိုဝင်ဘာတွင် ထပ်မံဆွေးနွေးရန်သတ်မှတ်ခဲ့သည်။

DPN နှင့်ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC)၏အ လုပ်အဖွဲ့များသည် နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် တွေ့ဆုံ ညှိနှိုင်းပြီး ၈ ရက်၊ ၉ ရက်များ တွင် အစိုးရ၏ငြိမ်းချမ်းရေးကော် မရှင်နှင့် DPN တို့ တတိယအကြိမ်တွေ့ဆုံ၍ ညှိနှိုင်းမည်ဖြစ်သည်။

အောက်တိုဘာ ၁၅ ရက်၌ နေပြည်တော်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏ ဒုတိယအကြိမ်ဆွေးနွေးပွဲ၌ DPN ဘက်က အဆိုပြုထားသည့် အချက်ရှစ်ချက်အနက် ထက်ဝက်ကို သဘောတူညီမှုရရှိခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အကြံပေး အဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

‘‘NCA ကိုတော့ ကျွန်တော် တို့က လက်မှတ်ထိုးရမှာလေ။ ဒါပေမဲ့ NCA လက်မှတ်မထိုးနိုင် ခင်မှာ လိုအပ်တဲ့ သဘောတူညီမှု တွေ လိုချင်တယ်ဆိုတဲ့ သဘော တင်ပြဆွေးနွေးထားတာ ရှိပါ တယ်’’ဟု DPN အဖွဲ့ခေါင်းဆောင်UNFC အထွေထွေအတွင်းရေး မှူး ခူဦးရယ်က ပြောသည်။

NCA လက်မှတ်ရေးထိုးပြီး နောက် စောင့်ကြည့်လေ့လာသည့် အပိုင်းတွင် နိုင်ငံတကာအနေဖြင့် နည်းပညာအထောက်အကူပြုနှင့် အကြံပေးသက်သက်မဟုတ်ဘဲ ပဋိပက္ခဖြစ်ပါက ကြားဝင်၍ လေ့လာစောင့်ကြည့်ကူညီဖြေရှင်းပေး သည့်အဆင့်ထိ ပါဝင်ခွင့်ပေးရန် လိုလားပြီး ယင်းအချက်ကို ဆက် လက်ညှိနှိုင်းရမည်ဟု UNFC တွဲဖက်အထွေထွေအတွင်းရေး မှူး(၁)ဦးထွန်းဇော်က ပြောသည်။

‘‘အစိုးရဘက်က ကျွန်တော် တို့တင်ပြထားတဲ့ အချက်တွေကို ညှိနှိုင်းမယ်၊ အလျှော့အတင်းလုပ်ပေးပြီးတော့ ဆွေးနွေးကြမယ်ဆို ရင်တော့ သဘောတူညီမှုအဆင့် ကို ရောက်ရင်တော့ ကျွန်တော် တို့ လက်မှတ်ရေးထိုးဖြစ်မှာပါ’’ ဟု ဦးထွန်းဇော်က ပြောသည်။

NCA လက်မှတ်ရေးထိုးပြီး ပါက တိုက်ပွဲပြန်လည်ဖြစ်ပွား မည်ကို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှစ်ဖက်စလုံးက စိုးရိမ်မှုများရှိနေသည်ဟု အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးကပြောကြားသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment