17.10.16

ရုရှားဘီလျံနာ၏ ကမ္ဘာ့အကြီးဆုံးရွက်လှေ ဆောက်လုပ်ရာတွင် တရားမ၀င်မြန်မာကျွန်းသစ်များ အသုံးပြုခဲ့ဟု EIA အဖွဲ့ထုတ်ပြန်


ရုရှားဘီလျံနာသူဌေးကြီး ၏ ကမ္ဘာ့အကြီးဆုံးရွက်လှေ‘အေ’ ဆောက်လုပ်ရာတွင် တရားမ၀င် မြန်မာကျွန်းသစ်များ အသုံးပြုခဲ့ ကြောင်း သဘာဝပတ်ဝန်းကျင်စုံ စမ်းစစ်ဆေးရေးအဖွဲ့ (EIA) က သတင်းထုတ်ပြန်သည်။

စတာလင်ပေါင် သန်း ၂၆၀ အကုန်ကျခံ တည်ဆောက်ခဲ့သော ကမ္ဘာ့အကြီးဆုံးရွက်လှေအရွယ် အစားသည် အရှည် ၁၅၀ မီတာ နှင့် အမြင့် ၁၀၀ မီတာခန့် ရှိသည်။

ဂျာမနီနိုင်ငံ Nobiskrug သင်္ဘောစခန်း၌ ရုရှားသန်းကြွယ်သူဌေး Andrey Igorevich အ တွက် တည်ဆောက်နေသော အဆိုပါ ရွက်လှေ၌ မြန်မာ့ကျွန်း သစ်များအသုံးပြုခဲ့ပြီး တရားဝင်မှု မပြသနိုင်သည့် ကျွန်းသစ်များပါ ၀င်နေကြောင်း EIA ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။


လန်ဒန်အခြေစိုက် သဘာဝ ပတ်ဝန်းကျင်စုံစမ်းရေးအဖွဲ့၏ နှစ် လတာစုံစမ်းချက်အရ အဆိုပါ ရွက်လှေအတွက် စတာလင်ပေါင် ၁၇၄,၇၅၀ အကုန်ကျခံ၍ ကျွန်းသစ် များဝယ်ခဲ့ပြီး အဆိုပါ ကျွန်းသစ်များတွင် မြန်မာကျွန်းသစ်များလည်း ပါဝင်ခဲ့သည်။

ရွက်လှေတည်ဆောက်ရန် ၀ယ်ယူခဲ့သော ကျွန်းသစ်များ၏ တင်သွင်းမှုအဆင့်ဆင့်ကို EIA အဖွဲ့က စုံစမ်းခဲ့ရာ ဂျာမနီနိုင်ငံအ ခြေစိုက် Teak Solutions ကုမ္ပဏီသည် ဥရောပသမဂ္ဂသစ်တင် သွင်းမှုဆိုင်ရာ စည်းမျဉ်းများကိုတိုက်ရိုက်ချိုးဖောက်ထားသည် ဟု ဆိုသည်။

Teak Solutions ကုမ္ပဏီက မြန်မာကျွန်းသစ်များကို ဂျာမနီနိုင် ငံသို့ တင်သွင်းခဲ့ပြီး အဆိုပါကျွန်း သစ်များကို မြန်မာ့သစ်လုပ်ငန်းမှ ၀ယ်ယူခဲ့သည်ဆိုသော်လည်း ထုတ်လုပ်သည့် ဒေသနှင့် သစ်ခုတ်လှဲယူသည့်နည်းလမ်းများသည် စစ်မှန်မှုမရှိဟု EIA အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ကုမ္ပဏီကို အရေး ယူရန် ဥရောပသမဂ္ဂ၏ သစ်တင်သွင်းပို့ဆောင်မှုစည်းမျဉ်းများကို ရေးဆွဲခဲ့သည့် ဥရောပသမဂ္ဂအာဏာပိုင်များသို့ EIA က တိုင်ကြားစာ ပေးပို့ထားကြောင်း သိရသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment