24.10.16

တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူလိုသူ၇၀၀၀ ကျော်၏ ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင် စုဆောင်းငွေ ငါးဘီလီယံအထိရှိလာ



တန်ဖိုးနည်းအိမ်ရာဝယ်ယူလိုသည့် ပြည်သူတို့၏ စုဆောင်းငွေ သည် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး ဘဏ်(CHDB)တွင် ငါးဘီလီယံ အထိရှိလာဟု သိရသည်။ ထို့ပြင်လက်ရှိတွင် Housing Saving Account အ ဖွင့်ကာ ငွေစုသူ ၇၀၀၀ ကျော်အထိရှိလာပြီး တန်ဖိုး နည်းအိမ်ရာအခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းပြည့်မီသူ ၆၀၀ ကျော် အထိရှိလာကြောင်း ဆောက်လုပ် ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိ ရသည်။
""သေသေချာချာ တိတိကျကျ ပြောရတာတော့ခက်မယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်ပတ်လောက်အထိက တော့ စုငွေ ၃၀ ရာခိုင်နှုန်းပြည့်မီတာ ၆၀၀ ကျော်ကျော်လောက်ကိုရှိနေ ပြီဆိုတော့ တဖြည်းဖြည်းနဲ့တော့ တက်လာမှာပဲ များလာမှာပဲ။ အကောင့်ဖွင့်တာက ၇၀၀၀ ကျော် သွားပြီ။ စုစုပေါင်းစုငွေက ငါးဘီလီ ယံကျော်သွားပြီ""ဟု CHDB ၏အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က အောက်တိုဘာ ၂၁ ရက်တွင် ပြော သည်။ လက်ရှိတွင် ရောင်းချမည့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှအိမ်ရာ အခန်းပေါင်း ၂၂၀၀ ကျော်ရှိနေပြီး ဆက်လက်ဆောက်လုပ်နေသည့် အခန်းပေါင်း ၈၀၀၀ ကျော်ရှိ ကြောင်းသိရသည်။
အိမ်ရာတန်ဖိုး၏ ၃၀ ရာခိုင် နှုန်း စုငွေပြည့်မီသူများကိုလည်း အခန်းတန်ဖိုး၏ ကျန် ၇၀ ရာခိုင် နှုန်းကို အတိုး ၁၂ ရာခိုင်နှုန်းဖြင့် ရှစ်နှစ်ကြာအရစ်ကျစနစ်နှင့် ပြန် လည်ချေးပေးမည်ဖြစ်ကြောင်း၊ ပြည် သူများအနေဖြင့်လည်း အိမ်ရာများ ကို ၀ယ်နိုင်ရန် Housing Saving Account ကို အိမ်ကိုဝယ်ရန်သီးခြား ဖွင့်ထားရခြင်းဖြစ်သည့်အတွက် ယင်းအကောင့်များဖွင့်ထားပါက အိမ်ဝယ်ယူနိုင်မည်ဆိုသည့် မျှော်လင့် ချက်ဖြင့် အကောင့်ဖွင့်သူများလာ ခြင်းဖြစ်ကြောင်း၊ ဘဏ်အနေဖြင့် လာရောက်စုသူများ၏ ငွေအခြေ အနေကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံ အချက်အလက်ပေးပို့အကြောင်းကြားပေးမည်ဖြစ်ကာ
ရောင်းပေးနိုင်မည့် အတိုင်းအတာ ကို မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဆုံးဖြတ်ပေးသွားမည်ဖြစ် ကြောင်း CHDB ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဇော်ကပြောသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦး စီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ ဒု တိယညွှန်ကြားရေးမှူးဦးမင်းအောင် အေးက""လိုအပ်တဲ့အချက်အလက် တွေကို နိုဝင်ဘာမှာ သတင်းစာက ကြေညာပြီးရောင်းချသွားမယ်။ အဓိကကတော့ ငွေစုဆောင်းထား တဲ့ Saving Account ပါရမယ်။ Saving လုပ်ထားတဲ့သူကိုပဲ ဦးစားပေးရောင်း သွားမယ်။ ဒါပေမဲ့ Saving စုထား တဲ့သူတွေမှာလည်း တကယ်အိမ်ခန်း ရှိ/မရှိ၊ သိန်း ၃၀ ကိုရတဲ့နေရာက နေဆွဲပြီး စုလိုက်တာလား။ အမှန် တကယ်သူ စုနိုင်လို့စုထားတာလား။ ဘယ်နေရာကစုစု သိန်း ၃၀ ပြည့် သွားပေမယ့် သူလစဉ်ပေးဆပ်နိုင် မှလည်း ဘဏ်ကကျန်ငွေကို ချေးမယ့် သဘောပါ။ ဒါကြောင့် ပုံမှန်ဝင်ငွေ ရှိရဲ့လား မိသားစုဝင်ငွေက တစ်လ ကို သုံးသိန်းနဲ့ ငါးသိန်းကြားရှိမှ တစ်လကို တစ်သိန်းကျော် ရှစ်နှစ် အတွင်း ပေးဆပ်ရမယ်။ ဒီလိုအခြေ အနေတွေပေါ်မှာ အခြေခံပြီးတော့ မှ ရောင်းချသွားမှာဖြစ်ပါတယ်""ဟု ပြောသည်။
လာမည့်နိုဝင်ဘာမှ စတင် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ များသည် လှိုင်သာယာရှိ ရွှေလင် ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း ၃၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကနောင်တန်ဖိုးနည်းအိမ်ရာ၊ ရိုးမ တန်ဖိုးနည်းအိမ်ရာနှင့် ယုဇနတန် ဖိုးနည်းအိမ်ရာ၊ အပိုင်း ၁၊ ၂၊ ၃၊ တောင်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်ကြားရှိ အောင်မြင့်မိုရ်တန် ဖိုးသင့်အိမ်ရာစီမံကိန်းတို့မှ အိမ် ခန်းပေါင်း ၂၀၀၀ ကျော်တို့ဖြစ် ကာ အခန်းတန်ဖိုးသည် ခြောက်ခန်း တွဲ လေးထပ်တိုက်ဖြစ်ပါက မြေညီ ထပ်ကို ကျပ်သိန်း ၁၂၀ ဖြစ်ကြောင်း၊ အပေါ်ဆုံးအထပ်သည် ကျပ် ၉၈ သိန်းဖြစ်ပြီး အခန်းအကျယ်သည် ၁၈ ပေ _ ၂၆ ပေဖြစ်၍ Hall တိုက်အမျိုးအစားဖြစ်ကြောင်း ရေ ချိုးခန်း၊ အိမ်သာပါပြီးဖြစ်ကြောင်း၊
နောက်တစ်မျိုးသည် ရှစ်ခန်းတွဲ လေးထပ်တိုက်အမျိုးအစားဖြစ်၍ ၂၂ ပေ ပတ်လည်ရှိပြီး အခန်းနှစ် ခန်းပါဝင်သည့် Room တိုက်ဖြစ် ကာ မြေညီထပ်သည် ၁၂၅ သိန်းမှ အပေါ်ဆုံးအထပ်သည် ကျပ်သိန်း တစ်ရာဖြစ်ကြောင်း၊ ဈေးနှုန်းနှင့် ၀ယ်ယူရမည့် ပုံစံများပြည်သူများ သိရှိစေရန် အောက်တိုဘာ ၂၁ မှ ၂၃ ရက်ထိ ပထမအကြိမ် တန်ဖိုး နည်း အိမ်ရာပြပွဲကိုMICT Park တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရ သည်။

Credit To >>> Democracy Today

0 comments:

Post a Comment