24.10.16

စီးပွားရေးဖွံ့ဖြိုးမှုအတွက် လက်ရှိအခြေအနေများနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဥပဒေ၊ မူဝါဒ များ ကျင့်သုံးနိုင်ဖို့အတွက် နိုင်ငံတော်နဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီး

အစိုးရအနေနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် လက်ရှိအခြေအနေများနဲ့လိုက်လျောညီထွေဖြစ်တဲ့ ဥပဒေ၊ မူဝါဒ၊ လုပ်ထုံလုပ်နည်းများကိုအချိန်နဲ့တစ်ပြေးညီကျင့်သုံးနိုင်ဖို့အတွက် နိုင်ငံတော်နဲ့ ပုဂ္ဂလိကပူးပေါင်းအဖြေရှာဖို့ အလွန်အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရမှာUMFCCI မှ တာဝန်ရှိသူများက အကြုံပြုတင်ပြခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရမှာ မြန်မာနိုင်ငံ
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများတွေ့ဆုံရာ စီးပွားရေးအတွက် အကြံပြုချက်များတင်ပြရမှာအဆိုပါအချက်ကို ထည့်သွင်းတင်ပြခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်နဲ့ ပုဂ္ဂလိကကဏ္ဍတို့ စဉ်ဆက်မပြတ်ညှိနှိုးဆွေးနွေးနိုင်မယ့် Myanmar Business Forum ကို ဆောင်ရွကဖို့လည်း တင်ပြခဲ့ပါတယ်။ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ လုပ်ထုံးလုပ်နည်းများ၊ မှတ်ပုံတင်ခြင်းကုန်ကျစရိတ်များနဲ့ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ် စေနိုင်တဲ့အခြေအနေတွေ လျှော့ချနိုင်ရေးကိုလည်း တင်ပြခဲ့တယ်လို့ UMFCCI ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က စီးပွားရေးဖွံ့ဖြိုးရေးအတွက် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက်ရရှိရေး၊ နိုင်ငံတွင်း သယ်ယူပို့ဆောင်ရေးစရိတ်လျော့ချရေးတို့ကို တင်ပြခဲ့ပြီးစိုက်ပျိုးသီးနှံနဲ့ သားငါးထုတ်လုပ်မှုလုပ်ငန်းများကို ထုတ်လုပ်မှုစနစ်စနစ်တကျပေါ်ပေါက်လာရေးတို့ကို အကြံပြုတင်ပြခဲ့ပါတယ်။
အရေးကြီးစားသုံးသီးနှံများ၊ အခြေခံလူသုံးကုန်ပစ္စည်းများ၊ဆေးဝါးများ ဈေးနှုန်းမြှင့်မားခြင်းနဲ့ မတည်မငြိမ်ဖြစ်နေမှုတွေကိုမှန်ကန်တဲ့ စနစ်များ ချမှတ်ပြီး ထိန်းညှိဆောင်ရွက်သွားနိုင်ရေးစတဲ့အချက်များကို အကြုံပြုဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကစီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားလိုက်တဲ့အတွက် ရရှိလာမယ့် အခွင့်အရေးတွေကို နိုင်ငံအတွက် သုံးမှာလား၊ ကိုယ်ကျိုးအတွက် သုံးမှာလားဆိုတာကို အားလုံးက စောင့်ကြည်နေမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment