24.10.16

မောင်တောဒေသရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့အား ခေတ်မီလက်နက်များ ထပ်မံတပ်ဆင်ပေး

 မောင်တောဒေသ အ ကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့အတွက် မူလအသုံးပြုနေသော လက်နက် များထက် ခေတ်မီလက်နက်အသစ်များ တပ်ဆင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မောင်တောဒေသ အပါအ ၀င် ရခိုင်ပြည်နယ်ရှိ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ မူလအသုံး ပြုခဲ့သော သေနတ်မှာ MA-11 အမျိုးအစားဖြစ်ပြီး ယခု အခါ ပိုဖောက်ထွင်းအားကောင်း သော BA-63၊ BA-64 နှင့် BA- 94အမျိုးအစားရိုင်ဖယ်သေနတ် များထုတ်ပေးခြင်းဖြစ်ကြောင်း ရ ခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောကြားသည်။
‘‘ အရင်တုန်းက သေနတ် တွေက MA-11တွေပေါ့။ အခုက တော့ BA-63, 64နဲ့ 94။ အော် တိုမက်တစ် သေနတ်တွေပဲ။ ဖောက်ထွင်းအား ပိုကောင်းတယ်။ သစ်ပင်အနောက်ဘက်မှာ နေရင် MA-11 တွေက ပေါက်မထွက်ဘူး။ ဒီကောင်တွေ(BA-63, 64နှင့် 94)က ပေါက်တယ်။ မူလ သေနတ်တွေ ပြန်မသိမ်းဘူး။ ထပ်ထုတ်ပေးတာ’’ဟု ၎င်းက ပြောသည်။ MA-11 သည် သေနတ်ကျည်အချင်း ၅ ဒသမ ၅၆မီလီမီတာရှိကာ BA-63နှင့် BA 64မှာ ၇ ဒသမ၅၂မီလီမီတာရှိကြောင်း၊ BA-94သည်အချင်း ၉ မီလီမီတာရှိပြီး MA အုပ်စုထက် BA အုပ်စုထက် ပိုကောင်းမွန်ကြောင်းတပ်မတော်အရာရှိတစ်ဦးက ရှင်းပြသည်။
မောင်တောဒေသအကြမ်း ဖက် တိုက်ခိုက်ခံရမှုတွင် ကြိုတင် သတင်းရယူမှုအားနည်းခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ၀န်ခံသကဲ့သို့ အသုံးပြုနေသော လက်နက်ခဲယမ်းများမှာလည်း အားနည်းမှုများရှိကြောင်းဝေဖန် မှုများ ရှိခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် နယ်ခြား စောင့်တပ်ဖွဲ့ကွပ်ကဲရေးမှူးနေရာ ကို အစားထိုးခဲ့ကာ ကာကွယ်ရေးစခန်း ၁၂ ခု တိုးချဲ့တည်ဆောက်ရန် ပြည်ထဲရေး ၀န်ကြီးဌာနက ဆုံးဖြတ်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဌာန လေးခုရှိပြီး ဌာနချုပ်ဖြစ်သော အမှတ်(၁)နယ် ခြားစောင့်တပ်နှင့် အမှတ်(၂)နယ်  ခြားစောင့် ရဲတပ်ဖွဲ့သည် မောင် တောတွင်အခြေစိုက်သည်။ အ မှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ သည် ဘူးသီးတောင်မြို့နယ်နှင့် အ မှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ မှာ အလယ်သံကျော်မြို့တွင် အ ခြေစိုက်ကြောင်း ရခိုင်ပြည်နယ်ရဲ တပ်ဖွဲ့မှသတင်းရရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment