7.10.16

သက်သာသောဈေးနှုန်းဖြင့် အင်တာနက်သုံးစွဲနိုင်ရန်ဆောင်ရွက်လျက်ရှိ


သက်သာသောဈေးနှုန်းဖြင့် အင်တာနက်အသုံးပြုနိုင် အစိုးရက လုပ်ဆောင်နေပြီး ကျေးလက်ဒေသများအထိပါ ရောက်ရှိရန် ဆောင်ရွက်လျက်ရှိသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ နေပြည်တော်တွင် ပြုလုပ်လျက်ရှိသည့် E-Goverent Conference အခမ်းအနားတွင် ပြောဆိုလိုက်သည်။

လက်ရှိမြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းကွန်ရက်ကျယ်ပြန့်မှု ၉၀ %တွင်ရှိနေပြီး အင်တာနက် ကွန်ရက် ၈၀%တွင် ရှိနေသည်ဟု ၀န်ကြီးက အဆိုပါအခမ်းအနားတွင် ပြောဆိုထားသည်။ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံ ကွန်ပြူတာပညာဖွံ့ဖြိုးရေးကောင်စီ ၏ ဥက္ကဌ အဖြစ် တာဝန်ယူထားသူလည်းဖြစ်သည်။

Credit To >>> Mizzima Burmese

0 comments:

Post a Comment