7.10.16

ကျပ်သန်းခြောက်ထောင်ကျော် အကုန်အကျခံတည်ဆောက်မည့် ဟုမ္မလင်းနှင့် နမ့်မာလုံရေအားလျှပ်စစ်စီမံကိန်းပြည်သူများအတွက် အကျိုးမရှိသဖြင့် ရပ်ဆိုင်း


ငွေ ကျပ်သန်းခြောက်ထောင်ကျော်အ ကုန်အကျခံတည်ဆောက်မည့် ဟုမ္မ လင်းမြို့နယ် နမ့်မာလုံ အသေးစား ရေအားလျှပ်စစ်စီမံကိန်းအား ကုန် ထားသလောက် ပြန်ရမှာနှင့်မမျှခြင်း၊ ဒေသခံပြည်သူအတွက် အကျိုးမရှိ ခြင်း တို့ကြောင့် ရပ်ဆိုင်းလိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက် မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးသန်းညွန့်ဝင်းက ပြောသည်။
အောက်တိုဘာ ၆ ရက်တွင် ကျင်းပသော ဒုတိယအကြိမ် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်အထူးအ စည်းအဝေးတတိယနေ့ တွင် ဟုမ္မလင်း လွှတ်တော်ကိုယ်စားလှယ်ဦးကျော် ဌေးလွင်က စီမံကိန်းကို ဆက်လက် ဆောင်ရွက်ပါက နိုင်ငံတော်၏ဘတ် ဂျက်ဆုံးရှုံးပြီး ကုမ္ပဏီအတွက်သာ အကျိုးဖြစ်စေမည်ဖြစ်ခြင်း၊ ဒေသခံ များကလည်း ဆန္ဒပြရန်စီစဉ်နေခြင်း၊ ဒေသအတွက်လည်း အမှန်တကယ် အကျိုးမဖြစ်ခြင်းတို့ကြောင့် ဒေသခံ များက တိုင်းဒေသကြီးအစိုးရထံတင်ပြ ထားသော အဆိုပါစီမံကိန်းကို အစိုးရ အဖွဲ့က ဆက်လုပ်ရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ၀န်ကြီး က ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
"နမ့်မာလုံချောင်းရေအားလျှပ် စစ်စီမံကိန်းက ဟုမ္မလင်းမြို့နဲ့လည်း မိုင် ၂၀ ဝေးတယ်။ အနီးဆုံးနောင် ပိုအောင်နဲ့မာလုံရွာ အုပ်စုတွေ နဲ့လည်း ဆယ်မိုင်လောက်ဝေးတယ်။ လျှပ်စစ် ထုတ်မှာကလည်း ၆၀၀ ကီလိုဝပ် တည်းဆိုတော့ ဒေသအတွက်ဘာမှ အကျိုးမဖြစ်ဘူး။ ပြီးတော့ အဲဒီထုတ် တဲ့လျှပ်စစ်က ဟုမ္မလင်းပဲပေးမှာဆို တော့ ဒေသခံတွေအတွက် ဘာမှ အကျိုးမရှိဘူး။ ခံရရင် သူတို့ကခံရ မှာ နွေရာသီဆိုရေရှားပြီး လျှပ်စစ်က လည်းထုတ်မနိုင်ဘူး။ စီမံကိန်းနေရာ က ချောင်းသုံးချောင်းဆုံရာ နေရာ မှာဆောက်လို့ ဆည်တာတမံကြံ့ခိုင်မှု နည်းတယ်။ ကျွန်တော်တို့လည်း ပညာ ရှင်တွေနဲ့ကြည့်ထားတာ။ စာချုပ် ချုပ်တော့ လည်း ဒေသခံတွေအသိမ ပေးဘူး။ တမံပိတ်လိုက်ရင် မာလုံ ကြိုးဝိုင်းက ကျွန်းသစ်တောကြီး ရေ မြှုပ်မယ်။ ပြီးတော့ခုတ်ပစ်ရမှာ။ အဲဒီ တော့ တောင်သူတွေလည်း စားကျက် မြေပျောက်မယ်။ သဘာဝအကျိုး သက်ရောက်မှု၊ လူမှုအကျိုးသက် ရောက်မှု
EIA, SIA လည်းမလုပ်လို့ မိုးလင်း၊ သဖန်းကုန်း၊ မာလုံ၊ မှော်စိန်၊ တုံခဲ၊ ဟဲခမ်းရွာတွေက ဆန္ဒပြဖို့လုပ် ကြတယ်" ဟု လွှတ်တော်အပြီး တွင် ၀န်ကြီးက မီဒီယာများသို့ပြောကြား ခဲ့သည်။
ယင်းစီမံကိန်းကို ယခင်စစ်ကိုင်း တိုင်းအစိုးရအဖွဲ့လက်ထက်က ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး မူလကနမ့်မီးဟောင် ချောင်းတွင် လုပ်ကိုင်ရန်စီစဉ်ခဲ့ပြီး ၂၀၁၆ မတ် ၂၈ ရက်တွင် နမ့်မာ လုံချောင်းသို့ပြောင်းလုပ်ရန် ယခင် အစိုးရက တိုင်းလွှတ်တော်သို့ သ၀ဏ် လွှာပေးပို့သဖြင့် လွှတ်တော်က အ တည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ရေအားလျှပ်စစ်လုပ်မည့် International Power Generation Public Company Ltd., ကို ပထမ ငွေကျပ်သိန်း ၆၀၀၀ ထုတ်ပေးခဲ့ပြီး နောက်ထပ်ငွေထုတ်ခွင့်ပြုရန် တိုင်း အစိုးရသို့တင်ပြတောင်းခံရာ ဟုမ္မလင်း မြို့နယ် အရည်အသွေးစစ်ဆေးရေး အဖွဲ့ကမထောက်ခံသဖြင့် ဆိုင်းငံ့ထား ပြီး တိုင်းအစိုးရမှလည်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း၊ ကွင်းဆင်းစစ်ဆေး ရာတွင်လည်း လုပ်ငန်းပြီးစီးကြောင်း တင်ထားသည့်အချက်များသည် မြေ ပြင်တွင်ကွဲလွဲမှုများရှိခဲ့ကြောင်း စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦး က ပြောကြားခဲ့သည်။

Credit To >>> Democracy Today

0 comments:

Post a Comment