1.11.16

ခရီးသွားကုမ္ပဏီများ နေပြည်တော်တစ်ညအိပ်ခရီးစဉ် ထည့်သွင်းရေးဆွဲရန် ၀န်ကြီးဌာနအကြောင်းကြား

ခရီးသွားကုမ္ပဏီများ ရောင်းချနေသည့် ခရီးစဉ်များတွင်နေပြည်တော်တစ်ညအိပ်ခရီးစဉ် ထည့်သွင်းရေးဆွဲနိုင်ရန် ခရီးသွားကုမ္ပဏီများသို့ ညှိနှိုင်းအကြောင်းကြားပေးရေးဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သက်ဆိုင်ရာအသင်းအဖွဲ့များသို့ အကြောင်းကြားစာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ရုံးစိုက်ရာ နေပြည်တော်အား ခရီး သွားလုပ်ငန်းအခြေခံအဆောက် အအုံများ တည်ဆောက်ကာ Green City အဖြစ် ပြည့်စုံစွာ ဆောင်ရွက်ထားသည့်အပြင် နိုင်ငံတကာမှ ဧည့်သည်များအား  လွှတ်တော် အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာနိုင် ရန် စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း အကြောင်းကြားစာတွင် ဖော်ပြသည်။
ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၇ ရက်တွင် မြန် မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အ သင်းဥက္ကဋ္ဌထံ အဆိုပါအကြောင်း ကြားစာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။‘‘မြန်မာနိုင်ငံကို ပထမဆုံး လာဖြစ်မယ့် နိုင်ငံခြားခရီးသည် တွေအနေနဲ့ကတော့ ရန်ကုန်၊ မန္တလေး၊ ပုဂံပဲသွားကြတာများ ပါတယ်။ နေပြည်တော်ကတော့ Package Tour ခရီးစဉ်တွေထက် စီးပွားရေးအရ  သွားတဲ့သူတွေ အစည်းအဝေးသွားတက်သူတွေ က ပိုပြီးလေ့လာသင့်ပါတယ်။ နေ ပြည်တော်မှာ ဟိုတယ်ခတွေက ဈေးမကြီးပေမယ့် သွားလာမှု စရိတ်တွေက ကြီးနေသေးတဲ့အ တွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ကို နည်းနည်းတော့ အချိန်ယူရပါ လိမ့်မယ်။ အချိန်ယူပြီး လုပ်ရင် တော့ အောင်မြင်နိုင်ပါတယ်’’ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်း (UMTA) ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက် သော နိုင်ငံခြားခရီးသွားအများစု မှာ ယဉ်ကျေးမှုလက်ရာများပေါ များသည့် မန္တလေး၊ ပုဂံဒေသများ သို့သာ သွားရောက်လေ့လာရန် စိတ်ဝင်စားမှုများပြားနေပြီး နေ ပြည်တော်သို့ သွားရောက်ရန် စိတ်ဝင်စားမှုနည်းပါးသဖြင့် နေပြည် တော်ခရီးစဉ်များ ထည့်သွင်းစီစဉ်ရန် အခက်အခဲရှိနိုင်ကြောင်း ခရီးသွားကုမ္ပဏီအချို့က ပြောသည်။
နေပြည်တော်တွင် ခရီးသွား လုပ်ငန်းအခြေခံလိုအပ်ချက်များ ဖြစ်သည့် အနားယူတည်းခိုရန် ဟိုတယ်များ၊   လေ့လာကြည့်ရှု လည်ပတ်ရန် နေရာများ၊ အပန်း ဖြေရန် စိမ်းလန်းသာယာလှပ သော ဥယျာဉ်များဖြင့် Green Cityတစ်ခုအဖြစ် ပြည့်စုံစွာဆောင်ရွက်ထားကြောင်း ၀န်ကြီးဌာန၏ အ ကြောင်းကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။
Credit To >>> 7 Day Daily


0 comments:

Post a Comment