1.11.16

ဒေါ်အောင်ဆန်းစုကြည်၏ဂျပန်ခရီးစဉ်တွင် လုပ်ငန်းရှင် တစ်ဦးမျှ မပါဝင်ဟု သမ္မတရုံးတာဝန်ရှိသူ ပြောကြားသို့သော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူလိုက်သွားပြီး ကျန်ခဲ့မည့် စီမံဘဏ္ဍာဝန်ကြီးခရီးစဉ်တွင်သာ လုပ်ငန်းရှင်များလိုက်ပါမည်ဟု ရှင်းလင်း

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးစဉ်တွင်စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်မည် မဟုတ်ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်သည့်ခရီးစဉ်၌သာ စီးပွား ရေးလုပ်ငန်းရှင်များ လိုက်ပါမည်ဖြစ် ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးက ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်က နိုဝင်ဘာ ၁ ရက်ကနေ ၅ ရက်ပါပဲ။ ဝန်ကြီးက တခြားခရီး စဉ်ရှိရင် တခြားကို သွားရသလို ပါ။ သူ့(ဦးကျော်ဝင်း)ခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည် ပြန်လာ ပြီးမှ စမှာပါ။ မဆိုင်ဘူး’’ဟု ၎င်း က ဆိုသည်။
နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ဂျပန်ခရီးစဉ်တွင် အစိုးရ အဖွဲ့မှ ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အစိုးရအရာရှိများ၊ လုံခြုံရေး၊ သ တင်းထုတ်ပြန်ရေးအပါအဝင် စုစု ပေါင်း ၁၉ ဦးသာ လိုက်ပါမည်ဟု ၎င်းက ဆက်လက်ပြောသည်။ သို့သော် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ လိုက်ပါမည့် ပြည် ထောင်စုဝန်ကြီးများတွင် ဦးကျော် ဝင်းပါဝင်ကြောင်း သတင်းရရှိ သည်။
ဒေါ်အောင်ဆန်းစုကြည်၏ဂျပန်ခရီးစဉ်သည် နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိဖြစ်ပြီး စီမံဘဏ္ဍာပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ဒေါ်အောင်ဆန်း စုကြည်ခရီးစဉ် ပြီးသော်လည်း နိုဝင်ဘာ ၉ ရက်အထိ ကျန်နေခဲ့ မည်ဟု ဦးဇော်ဌေးက ဆိုသည်။
ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၈ ရက်၌ မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များပူးပေါင်း၍ စီးပွား ရေးဖိုရမ်တစ်ခု ပြုလုပ်မည်ဟုလည်း ဦးဇော်ဌေးက ဆက်လက် ပြောသည်။  ထို့ကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး နှင့်အတူ စီးပွားရေးဖိုရမ်တက် ရောက်ရန်နှင့် ဂျပန်ခရီးစဉ်လိုက် ပါရန် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အ တွင်းရေးမှူးအပါအဝင် စီးပွားရေး လုပ်ငန်းရှင် ၃၀ ကျော် လိုက်ပါ မည်ဟု UMFCCI မှ တာဝန်ရှိသူ က ပြောသည်။
ပြည်ထောင်စုဝန်ကြီး၏ခရီး စဉ်တွင် လိုက်ပါမည့် သူများသည် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်၌ ဂျပန်နိုင်ငံသို့ သွားရောက်ကြမည် ဟု အဆိုပါတာဝန်ရှိသူက ပြော ကြားသည်။
ဦးကျော်ဝင်းနှင့်အတူ စီးပွား ရေးလုပ်ငန်းရှင်များ လိုက်ပါရန် အတွက် မူလက လုပ်ငန်းရှင် ၁၀ ဦးကျော်ကိုသာ ခေါ်ယူရန်စီစဉ်ပြီး နောက်ပိုင်းရက်များတွင် ၁၄ ဦး ထပ်တိုးပြီး အောက်တိုဘာ ၃၁ ရက်ညနေ၌ ခေါ်ယူသူမှာ စုစု ပေါင်း လူဦးရေ ၃၀ ကျော်အထိ တိုးမြင့်လာကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဂျပန်ခရီးစဉ်တွင် လိုက်ပါ ရန် စီမံဘဏ္ဍာ ဝန်ကြီးဌာနက ကုန်သည်စက်မှုအသင်းချုပ်ထံမှ ကိုယ်စားလှယ်များ တောင်းခံသဖြင့် အသင်းချုပ် ညီနောင်အသင်းစုံမှ ကိုယ်စားလှယ် ၁၀ ဦးကျော်သာ ရွေးချယ်ပေးခဲ့ရသည်ဟု ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဂျပန်ခရီးစဉ် လိုက်ပါရန် ကုန်သည်စက်မှု အသင်းချုပ်မှ စီးပွားရေး လုပ်ငန်းရှင်များကို စီမံဘဏ္ဍာ ဝန်ကြီးဌာနက ဖိတ်ခေါ် ရာတွင် အချိန်နီးကပ်ခြင်းကြောင့် ဗီဇာလျှောက်ထားရန် ဂျပန်သံရုံး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ပုဂ္ဂိုလ်များအား ဦးစားပေးရွေးချယ် ခဲ့ကြောင်း ကုန်သည်စက်မှုအ သင်းချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဂျပန်ခရီးစဉ်ကို လိုက်ပါမည့် စီးပွားရေးလုပ်ငန်းရှင်များ သည် ကုန်ကျစရိတ်ကို ကိုယ် တိုင်စိုက်ထုတ်သုံးစွဲရမည့် အခြေ အနေမျိုးဖြစ်ကြောင်းလည်း ၎င်း က ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment