1.11.16

Brexit နောက်ပိုင်း အီးယူနဲ့ အကောက် ခွန်လွတ်ကုန်သွယ်မှု ဆက်ရယူဖို့ ဗြိတိန်အလိုရှိ

ဗြိတိန်တို့အနေနဲ့ ဥရောပသမဂ္ဂကနေ နှုတ်ထွက်မယ့်လုပ်ငန်းစဉ်ပြီးစီးခဲ့မယ်ဆိုရင်လည်း ယင်းအုပ်စုနဲ့အကြား မော်တော်ကားထုတ် လုပ်ရေးလုပ်ငန်းမှာတော့ နှစ်ဘက်အကြား အကောက်ခွန်လွတ် ကုန်သွယ်မှုစာချုပ်တစ်ခု ချုပ်ဆိုထားလိုသေးတယ်လို့ ဗြိတိန်စီးပွားရေး၊ စွမ်းအင်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ မဟာဗျူဟာရေးရာဝန်ကြီးGreg Clark က အောက်တိုဘာ ၃၀ ရက်က ပြောသွားပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ဗြိတိန်အနေနဲ့ ဂျပန်မော်တော်ကားကုမ္ပဏီ Nissan ကိုလည်း နိုင်ငံမှာထပ်မံရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုထပ်လို့ဖို့ ဆွဲဆောင်သိမ်းသွင်းနေလျက်ရှိတဲ့အခြေအနေကိုလည်း သူကထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

“ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့အကြား ဆွေးနွေးတဲ့အခါအမှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်၊ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းမှု လုပ်ပိုင်ခွင့်တွေနဲ့အတူ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရဖို့နဲ့ ဘုံအကျိုးကျေးဇူးတွေ ရှာဖွေနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။

“ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေထဲမှာတော့ အီးယူကနေထွက်ခဲ့ရင်လည်း ဥရောပသမဂ္ဂနဲ့ ဈေးကွက်တွေထဲမှာ ဆက်လက်ဝင်ထွက်စီးဝင်နေခွင့် ရနေစေဖို့ပါပါတယ်၊ အခွန်အကောက်တွေ၊ ဗျူရိုကရက်တစ်ဆိုင်ရာ အတားအဆီးတွေမရှိပဲနဲ့ပေါ့၊ ဒါကြောင့်လည်း ကျွန်တော်တို့ ဒီလိုညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေရတာပါ” လို့ ၎င်းက ပြောပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment