1.11.16

ခုနစ်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာနှစ်ဘီလီယံကျော်ရှိ

အစိုးရသစ်လက်ထက် ခုနစ်လအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန် ဒေါ်လာနှစ်ဘီလီယံကျော်ဝင်ရောက်ခဲ့ပြီး ထပ်မံခွင့်ပြုရန် ဒေါ်လာ ၁ ဒသမ နှစ်ဘီလီယံကျော် ကျန်နေသေး ကြောင်း သတင်းရရှိသည်။

အထက်ပါပမာဏတွင် စင် ကာပူနိုင်ငံက အများဆုံးဝင်ရောက် ထားပြီး တရုတ်နိုင်ငံက ဒုတိယ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ် နှံမှုကော်မရှင်၏ သတင်းထုတ် ပြန်ပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်း အောင်ကျော်က ပြောကြားသည်။
‘‘အခုလက်ရှိ ရင်းနှီးမြှုပ်နှံမှု မှာစင်ကာပူက အများဆုံးဖြစ်နေ တယ်။ နောက်ထပ် အဆိုပြုတာ လည်း စင်ကာပူက အများဆုံးပဲ’’ ဟု ၎င်းကဆက်လက်ပြောကြား သည်။
ရင်းနှီးမြှုပ်နှံမှုဥပဒေပြောင်း လဲပြဋ္ဌာန်းမှုကို လုပ်ငန်းရှင်များက စောင့်ကြည့်နေသဖြင့် ရင်းနှီးမြှုပ် နှံမှု ၀င်ရောက်မှုကျဆင်းတတ် သည်ဟု ဦးသန်းအောင်ကျော်က ပြောသည်။ ၂၀၁၂ တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို အသစ် ပြ ဋ္ဌာန်းပြီးနောက် ယင်းနှစ်တွင်နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံသာ ၀င်ရောက်ခဲ့သည်။ ယခု အောက် တိုဘာတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေ အသစ် ပြဋ္ဌာန်းသော်လည်း နှစ် ဘီလီယံကျော် ၀င်ရောက်နေပြီ ဖြစ်၍ အလားအလာ ပိုမိုကောင်းမွန်နေပြီဖြစ်ကြောင်း ၎င်းကပြော သည်။
လုပ်ငန်းခွင့်ပြုရန် အဆိုပြုထားသည့် နိုင်ငံများတွင် စင်ကာပူနိုင်ငံက အများဆုံးဖြစ်ပြီး အမေ ရိကန်ကုမ္ပဏီများက စင်ကာပူမှ တစ်ဆင့် ၀င်ရောက်နေခြင်းဖြစ် သည်ဟု အဆိုပါဌာနမှ သိရ သည်။ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံကို ပိတ်ဆို့မှုဖယ်ရှား ပေးခဲ့သော်လည်း လက်ရှိအချိန် အထိ အမေရိကန်ကုမ္ပဏီများဝင် ရောက်မှုမရှိသေးကြောင်း ဦး သန်းအောင်ကျော်ကပြောသည်။
ဝင်ရောက်မှုလုပ်ငန်းများ တွင်ပို့ဆောင်ဆက်သွယ်ရေးလုပ် ငန်းဖြစ်သည့် ဖိုက်ဘာဆက်သွယ် ရေးလုပ်ငန်း၊ အင်တာနက်ဝိုင်ဖိုင် လုပ်ငန်း စသည့်လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် ၀င်ရောက်ထားပြီး အများ ဆုံးဖြစ်သည်။ ထို့နောက် စွမ်းအင် လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ သန်း ၆၅၀ ကျော်ပမာဏဖြင့် ဒုတိယအများဆုံး ၀င်ရောက်ထား သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှာ ကန်ဒေါ်လာ ကိုးသန်းခွဲ ကျော်ဖြင့်အနည်းဆုံး ၀င်ရောက် ရင်းနှီးထားသည့် လုပ်ငန်းများဖြစ် သည်ဟု အဆိုပါဌာနမှသိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment