9.1.17

ယခုနှစ်အတွင်း မြန်မာပါဝင်တဲ့ CLMV ဒေသနိုင်ငံတွေဆီ ပိုမိုဖြန့် ကျက်ပြေးဆွဲသွားနိုင်ဖို့ Thai Air Asia ရည်မှန်းနေ

Image may contain: airplane
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် CLMV နိုင်ငံတွေနဲ့ အိန္ဒိယတို့ဆီကို ပိုမိုဖြန့်ကျက်လုပ်ဆောင်တာက လေကြောင်းလိုင်းအတွက် အဓိကဖွံ့ဖြိုးတိုးတက်စေနိုင်မယ့်အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ထိုင်းရဲ့ Thai AirAsia က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ခရီးစဉ်လမ်းကြောင်းသစ်တွေ စတင်ပျံသန်းတာ၊ ခရီးစဉ်အရေအတွက်တိုးမြင့်တာနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အဆင့်မြှင့်တာမျိုးနဲ့အတူ လမ်းကြောင်းကွန်ရက်ကို တိုးချဲ့သွားနိုင်ဖို့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးသော စရိတ်သက်သာ လေကြောင်းလိုင်းက စီစဉ်နေတာ ဖြစ်ပါတယ်။

အဆိုပါ မဟာဗျူဟာနဲ့ပတ်သက်လို့ Thai AirAsia လေကြောင်းလိုင်းရဲ့ အမှုဆောင်အရာရှိချုပ် Tassapon Bijleveld က ထုတ်ဖော်သွားခဲ့တာဖြစ်ပြီးတော့ ၎င်းတို့ လေကြောင်းလိုင်းအနေနဲ့ ယခုနှစ် ၂၀၁၇ မှာ လုပ်ငန်းတိုးတက်မှုရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်းထိ မျှော်မှန်းထားတယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။

တစ်ချိန်တည်းမှာပဲ လက်ရှိ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တည်ငြိမ်လာမှုကလည်း ခရီးသွားလုပ်ငန်းအတွက် အခွင့်အလမ်းတွေ ပိုမိုတိုးပွားဖြစ်ထွန်းစေနိုင်ပြီဖြစ်ကြောင်းနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းသာမကဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကိုပါ ဖိတ်ခေါ်နိုင်ဖို့ရှိနေကြောင်း ၎င်းက ပြောကြားသွားပါတယ်။

လေကြောင်းလိုင်းအနေနဲ့ ယခုနှစ်အတွင်းမှာ လေယာဉ်စီးခရီးသွား၁၉ ဒသမ ၅ သန်းထိ တင်ဆောင်ပို့ဆောင်ပေးနိုင်ဖို့ မျှော်မှန်းထားပြီး ယင်းပမာဏဟာ ယခင်နှစ်က ၁၇ သန်းထက် ပိုမိုများပြားနေတာဖြစ်ပါတယ်။ အလားတူ ယင်းရဲ့ Airbus 320 လေယာဉ်အုပ်စုအတွက်နောက်ထပ်လေယာဉ်သစ် ခြောက်စီး ထပ်မံဝယ်ယူထားတယ်လို့လည်း သိရပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment