10.1.17

မြန်မာ-တရုတ် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ လျော်ကြေးမရသည့်တောင်သူ များ ကျောက်ဖြူ MOGE ရုံးတွင် ထုတ်ယူနိုင်

Image may contain: 1 person, sitting and indoor

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကြောင့် လယ်ယာမြေတိုက်စားမှုနှင့် ပတ်သက်ပြီး လျော်ကြေးမရသည့်တောင်သူများအနေဖြင့် ကျောက် ဖြူခရိုင်MOGE ရုံးတွင် မည်သည့် အချိန်မဆိုထုတ်ယူနိုင်ပြီး တောင် သူများမှတရားစွဲဆိုလာပါက ဥပဒေ ကြောင်းအရ ပြန်လည်တုံ့ပြန်သွား မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။

ကျောက်ဖြူခရိုင်ရှိ တောင်သူ ၂၁ ဦးက လယ်ယာမြေရေတိုက်စား မှုကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့တွင် ဇန်န၀ါရီ ၈ ရက်က သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ခြင်းအပေါ်SEAGP ကုမ္ပဏီက ဇန်န၀ါရီ ၉ ရက်၌ ရန်ကုန် မြို့ရှိ Sedona Hotel တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

SEAGP ကုမ္ပဏီ၏ Public Relationship Department မှDeputy Manager ဖြစ်သူHenry Zhangက ""ကုမ္ပဏီသည် မြေယာ
လျော်ကြေးပေးရေးကိစ္စအား အချိန် ပြည့်အလေးထားဆောင်ရွက်လေ့ ရှိပါတယ်။ ပိုက်လိုင်းလမ်းကြောင်း တစ်လျှောက်ရှိ ပြည်သူတို့၏အကျိုး စီးပွားအတွက်လည်း အလွန်အလေး ထားခဲ့ပါတယ်။ ပိုက်လိုင်းကြောင့် အမှန်တကယ် ထိခိုက်နစ်နာခဲ့တဲ့ ကိစ္စတွေကိုလည်း မျှတသည့်အပြု အမူ၊ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေ အရ တက်ကြွစွာဖြေရှင်းခဲ့ပါတယ်။ တာဝန်ယူသည့်ကိစ္စများအား မည် သည့်အခါကမှ တိမ်းရှောင်ခဲ့ခြင်းမရှိ ခဲ့ပါဘူး။

အခု တောင်သူ ၂၁ဦးအနေ နဲ့လည်းကျောက်ဖြူခရိုင် MOGE ရုံး မှာလျော်ကြေးငွေကို အချိန်မရွေးထုတ် ယူနိုင်ပါတယ်။ တကယ်လို့ ဥပဒေ ကြောင်းအရ တရားစွဲဆိုမယ်ဆိုရင် လည်း ဥပဒေကြောင်း
အရရင်ဆိုင်ဖြေ ရှင်းသွားမှာဖြစ်ပါတယ်""ဟုပြောသည်။

ကျောက်ဖြူဒေသသည် နှစ်စဉ် နှစ်တိုင်း မိုးတွင်းကာလ ကြာရှည် ပြီး မိုးလည်း အလွန်ကြီးပါကြောင်း၊ စီမံကိန်းတည်ဆောက်ပြီးနောက်ပိုင်း မိုးရေတိုက်
စားခြင်းနှစ်တိုင်းရှိသဖြင့် ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် ရှိ လယ်မြေအစိတ်အပိုင်းအချို့မိုးရေ တိုက်စားခြင်းခံရပြီးနောက် တောင် သူအချို့သည်လည်းကုမ္ပဏီထံသို့ လျော်ကြေးပေးရန်တောင်းဆိုလာ ကြောင်း၊ ကုမ္ပဏီသည် သိရှိသည်နှင့် တစ်ပြိုင်နက် ကျောက်ဖြူရှိ သက်ဆိုင် ရာအစိုးရဌာန၊ ကျောက်ဖြူြဥွန မှ အထူးအရာရှိနှင့်တကွ လယ်မြေ ထိခိုက်နေရာသို့ သွားရောက်လေ့ လာကြည့်ရှုခဲ့ပြီး တောင်သူတို့၏ထိ ခိုက်နစ်နာမှုအခြေအနေနှင့် အချက် အလက်များကို ရယူသိရှိခဲ့ကြောင်း၊ ထို့နောက်ဥပဒေအတိုင်းလျော်ကြေး ပေးသည့်ကိစ္စများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ လေ့လာစုံစမ်းမှုအရ ကျောက်ဖြူခရိုင် ကျေးရွာခြောက်ရွာရှိ တောင်သူ ၂၂၀ တို့၏နစ်နာမှုများမတူညီသည်ကို တွေ့ရှိရပါကြောင်း၊ လျော်ကြေးကိစ္စနှင့်
ပတ်သက်ပြီး ပြည် နယ်အစိုးရ၊MOGE၊ ကုမ္ပဏီနှင့် ကျေးရွာ ကိုယ်စားလှယ်
အဖွဲ့လေးဖွဲ့တို့ သည် အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းပြီး တောင်သူအများစုမှ ဥပဒေဆိုင်ရာစည်းမျဉ်းစည်းကမ်းအတိုင်း မြေယာ တစ်နှစ်စာသီးနှံ
အထွက်နှုန်း၏ငါး ဆကို ရိတ်သိမ်းတန်ဖိုးအဖြစ်ပေး လျော်ရန် သဘောတူညီ
ခဲ့ကြကြောင်း၊ ထို့အတွက် ကုမ္ပဏီသည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် တောင် သူ ၁၆၉ ဦးအား လျော်ကြေးငွေများ ပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလ ၃၀ ရက် နောက်ပိုင်းတွင် တောင်သူ ၃၀ ဦးကိုဆက်
လက်ပေးလျော်ခဲ့ပြီးလက်ရှိအချိန်တွင် တောင်သူ ၂၂၀ အနက်၂၁ ဦးသာ လျော်ကြေးကို လက်ခံရယူရန် သဘောမတူခဲ့ကြောင်း သိရသည်။

ကျောက်ဖြူခရိုင်အတွင်းရှိ လျော် ကြေးမယူသည့်တောင်သူ ၂၁ ဦးက ကုမ္ပဏီအနေဖြင့် ဖြေရှင်းမပေးပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဇန် န၀ါရီ ၈ ရက်နေ့ သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
Henry Zhang က""လယ်ယာ ရိတ်သိမ်းစရိတ် လက်မခံနိုင်သော တောင်သူ ၂၁ ဦး၏ တောင်းဆိုထား သောအခြားနည်းလမ်းများကို ကုမ္ပ ဏီဘက်မှ
နှစ်ဦးနှစ်ဖက်သဘောတူ ညီနိုင်သောဖြေရှင်းချက်ဖြင့် အမြန် ဆုံးဖြေရှင်းရန်
မျှော်လင့်ပါတယ်""ဟု ဆက်လက်ပြောသည်။




Credit To >>> Democracy Today

0 comments:

Post a Comment