10.1.17

အများပိုင်ဘတ်စ်ကား ယာဉ်လမ်းကြောင်းနှစ်ခု ထပ်မံတိုးမြှင့်ပြီး လမ်းကြောင်းနှစ်ခု ပြင်ဆင်

အများပိုင်ဘတ်စ်ကား များစုပေါင်းပြေးဆွဲမည့် ယာဉ် လမ်းကြောင်းကို မူလ ကြေညာ ထားသည့် အရေအတွက်ထက် လမ်းကြောင်းနှစ်ခု ထပ်မံတိုးမြှင့် လိုက်ပြီး လမ်းကြောင်းနှစ်ခုကို ပြန်လည်ပြင်ဆင်လိုက်ကြောင်း သတင်းရရှိသည်။

အသစ်တိုးမြှင့်သည့် လမ်းကြောင်းများမှာ လမ်းကြောင်းနံပါတ်(၅၉)အဖြစ် သင်္ဃန်းကျွန်း စံပြဈေးမှ နှင်းဆီကုန်းလမ်းအထိ၊ လမ်းကြောင်းနံပါတ်(၆၀)အဖြစ် တောင်ဒဂုံမှ ကျောက်ကုန်းအထိ တို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးသယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ က သတင်းထုတ်ပြန်သည်။
ထို့ကြောင့် အများပိုင်ဘတ်စ်ကားများ စုပေါင်းပြေးဆွဲမည့် လမ်းကြောင်းသည် မူလက ၅၈ ခု သာရှိရာမှ လမ်းကြောင်း ၆၀ အထိ တိုးလာခဲ့သည်။
သို့သော် လမ်းကြောင်းနံ ပါတ်(၁၃) မှာ လမ်းကြောင်းနံပါတ်စဉ်တွင် ထည့်ထားသော် လည်း  နိုင်ငံတကာတွင် ကျင့်သုံးနေသော စနစ်အတိုင်း ကံမ ကောင်းစေသည့် Unlucky နံပါတ်ဖြစ်သည့်အတွက်ကြောင့်ဟု ဆို ကာ ခရီးစဉ် ထည့်သွင်းထားခြင်း မရှိ၍ ဘတ်စ်ကားများ အမှန်တ ကယ်ပြေးဆွဲမည့် လမ်းကြောင်း မှာ ၅၉ ခုသာ ဖြစ်သည်။
‘‘နောက်ထပ်ခရီးသည်တွေ ရဲ့လိုလားချက်အပေါ် မူတည်ပြီး လမ်းကြောင်းတိုးတာ ရှိနိုင်သေး တယ်လို့ ဝန်ကြီးက ဒီနေ့အစည်း အဝေးမှာ ပြောတယ်’’ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အများပိုင်ဘတ်စ်ကား ကုမ္ပဏီ များ ဇန်နဝါရီ ၉ ရက်က ပြုလုပ် သည့် အစည်းအဝေးသို့ တက် ရောက်ခဲ့သည့် ယာဉ်ပိုင်ရှင်တစ် ဦးက ပြောသည်။
ထို့အပြင် ပြန်လည်ပြင်ဆင် သတ်မှတ်သည့် လမ်းကြောင်း များမှာ နံပါတ်(၂)လမ်းကြောင်း နှင့် နံပါတ်(၄၁)လမ်းကြောင်းဖြစ် သည်။  
နံပါတ်(၂)လမ်းကြောင်းကို ယခင်က ယုဇနဥယျာဉ်မြို့တော် မုခ်ဦး-ပဲခူးမြစ်လမ်း-ဧရာဝဏ် လမ်း-သာကေတအဝိုင်း - သံ လျင် တံတားချဉ်းကပ်လမ်း-ရှု ခင်းသာ မြို့ပတ်လမ်း-ယမုံနာ လမ်း-မဟာဗန္ဓုလတံတားအထိ သတ်မှတ်ထားရာမှ ယုဇန(ခိုင်ရွှေ ဝါလမ်း)-အောင်မင်္ဂလာအဝေး ပြေးဝင်းသို့ ပြောင်းလဲခြင်း ဖြစ် သည်။
နံပါတ်(၄၁)လမ်းကြောင်းကိုလည်း ယခင်က ရွှေပြည်သာ (လိန်ကုန်း)-ထန်းခြောက်ပင်-ပုလဲလမ်း-၁၄ လမ်းဆုံ-တညင်းကုန်းလမ်းဆုံ-ပြည်တော်သာ-ပေါက်တောဝ-ဘုရင့်နောင်-သီရိမင်္ဂလာဈေးသစ်-ဆင်မလိုက်-စံပြငါးဈေး-ကမ်းနားလမ်း-သခင်မြပန်းခြံဟု သတ်မှတ်ထားခဲ့ရာမှ ထောက်ကြန့်-သခင်မြပန်းခြံသို့ ပြောင်းလဲသတ်မှတ်လိုက်သည်။
ထိုသို့ လမ်းကြောင်းပြင်ဆင် သတ်မှတ်လိုက်ခြင်းမှာ အများပိုင် ဘတ်စ်ကားများ ပြေးဆွဲရမည့် လမ်းကြောင်း ထုတ်ပြန်ကြေညာ ပြီးနောက် ပထမဆုံးဖြစ်သည်။
အများပိုင်ဘတ်စ်ကားများ စုပေါင်းပြေးဆွဲမှုစနစ်တွင် ယာဉ် ပိုင်ရှင်များ သတ်မှတ်ထားသည့် လမ်းကြောင်းများထဲမှ မိမိတို့ ပြေးဆွဲလိုသော လမ်းကြောင်းများ  အဆိုပြု လျှောက်ထားခြင်းကို ဇန်နဝါရီ ၇ ရက်မှ ၁၀ ရက်အထိ လျှောက်ထားရန် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အ ဖွဲ့က ကြေညာထားသည်။
 ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က အ များပိုင် ဘတ်စ်ကားများစုပေါင်း ပြေးဆွဲမှုကို ဇန်နဝါရီ ၁၆ ရက်တွင်စတင်ရန် ကြေညာထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment