10.1.17

ယခုဘဏ္ဍာရေး နှစ်ကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ရှစ်ဘီလီယံကျော်အထိ ရှိလာနိုင်

အစိုးရသစ်စတင်တာဝန် ယူချိန်မှ ဇန်န၀ါရီ ၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ခန့်ဝင်ရောက်ထားပြီး အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ဖိုး ထပ်မံခွင့်ပြုရန်ရှိနေ၍ ယခု နှစ်ကုန်လျှင် ရင်းနှီးမြှုပ်နှံမှုကန် ဒေါ်လာ ရှစ်ဘီလီယံကျော်ရှိလာ နိုင်သည်ဟု သတင်းရရှိသည်။

အဆိုပါပမာဏသည် ဦး သိန်းစိန်အစိုးရစတင်တာဝန်ယူ သည့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ထက် နှစ်ဆခန့် မြင့်တက်ခဲ့ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန စာရင်း များအရ သိရသည်။

‘‘ရင်းနှီးမြှုပ်နှံမှုကို အစတုန်း က မှန်းထားတာ ပြည့်မှပြည့်ပါ့မ လား စိုးရိမ်ရတယ်။ ဒါပေမဲ့ နိုဝင် ဘာ၊ ဒီဇင်ဘာမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုက တော်တော်ကောင်း ကောင်းလေးဝင်ရောက်ခဲ့တယ်’’ ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် အ တွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ယခုဘဏ္ဍာနှစ်အတွက် ခြောက် ဘီလီယံ ၀င်ရောက်ရန် ခန့်မှန်း ထားပြီး ယခုတင်ပြထားသည့် စာ ရင်းများနှင့် ဘဏ္ဍာရေးနှစ်အတွက် ကျန်ရှိသည့် နှစ်လကျော်အတွင်း ထပ်မံတင်ပြလာသည့်စာရင်းများ အရယင်းပမာဏကို ကျော်လွန် နိုင်မည်ဟု ဦးအောင်နိုင်ဦးကပြောသည်။ လက်ရှိအစိုးရလက်ထက် တွင် ၂၀၁၇ ဇန်န၀ါရီ ၆ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အခု ၁၀၀ ခွင့်ပြုထားပြီးအမေရိ ကန်ဒေါ်လာ သုံးဘီလီယံကျော်ရှိ သည်။ လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများက လုပ်ငန်းတိုးချဲ့ရန် ထပ်မံရင်းနှီးမြှုပ်နှံမှုများကြောင့် ၄ ဒသမ ၅ ဘီလီယံခန့်ရှိလာခြင်း ဖြစ်သည်။

ယခုအချိန်ထိ တင်ပြထား သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ် ငန်း ၇၀ ကျော်ကျန်သေးသည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။ ရင်း နှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ၂၀၁၇ ဇန်န၀ါရီ ၁ ရက်တွင်စတင်ကျင့် သုံးမည်ဖြစ်၍ ဇန်န၀ါရီကစတင်၍ တင်ပြလာသည့် လုပ်ငန်းများကို ဥပဒေအသစ်ဖြင့် စိစစ်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနက ဆိုထားသည်။

အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အ၀င်အ များဆုံးသည် တယ်လီကွန်းဆက် သွယ်ရေးလုပ်ငန်းများဖြစ်ပြီး စိုက် ပျိုးရေး၊ ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံ မည့်သူ ၀င်ရောက်လာခြင်းမရှိ သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုအများဆုံး ၀င်ရောက်လုပ်ကိုင် သည့်နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ် ပြီး ဒုတိယမှာ တရုတ်နိုင်ငံဖြစ် သည်။ မြန်မာနိုင်ငံသို့ ၀င်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၆၀ ရာခိုင်နှုန်းသည် ၀န်ဆောင်မှုလုပ်ငန်းများဖြစ်ပြီး ကုန်ထုတ်လုပ်မှုမှာ ၄၀ ရာခိုင်နှုန်းရှိ သည်။

ကမ္ဘာ့နိုင်ငံအများစု၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၀န်ဆောင်မှုလုပ်ငန်းသည် ၇၀ ရာခိုင်နှုန်းရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် ၃၀ ရာခိုင်နှုန်းသာ ရှိသော်လည်း မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုအချိုးမှာ အခြားနိုင်ငံများထက် ပိုမိုများပြားခဲ့သည်ဟုဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက် ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများမှာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ၌ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ၊ ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်အတွက် ရှစ်ဘီလီယံ၊ ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွက် လေးဘီ လီယံ၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် တွင် ၁ ဒသမ ၄ ဘီလီယံနှင့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၆ ဘီလီယံဖြစ်သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment