10.1.17

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည်ဆိုပါက စက်မှုဇုန်များ လုပ်ငန်းလည်ပတ်ရန် ခက်ခဲမည်ဟုဆို

 လျှပ်စစ်မီတာခများ ထပ်မံတိုးမြှင့်ကောက်ခံပါက စက်မှု ဇုန်များ လုပ်ငန်းလည်ပတ်ရန် ကုန်ကျ စရိတ်ပိုမိုမြင့်တက်လာမည် ဖြစ်ပြီး အခက်အခဲများဖြစ်လာနိုင် သည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

အရှုံးခံပြီး လျှပ်စစ်မီးဖြန့်ဖြူး ပေးနေမှုနှင့်ပတ်သက်၍ ပြည်သူ့ ဘဏ္ဍာငွေများ ဆုံးရှုံးနေမှုကို အစိုးရက ပြန်လည်ကုစားရန် ပြင်ဆင်နေကြောင်း၊ ယခင်အစိုးရလက်ထက်တွင် လျှပ်စစ်ဓာတ်အားအ တွက် အစိုးရက ကျပ်ငွေ ဘီလီယံ ၄၇၀ ကျော် အရှုံးပေါ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၆ ရက် ၌ ရန်ကုန်တိုင်းအစိုးရရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌ ပြောသည်။
လက်ရှိ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများသည် လူနေအိမ်ခြေ များအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ၇၅ ကျပ်အကြား၊ စက်မှုဇုန်များနှင့် စက်ရုံ၊ အလုပ်ရုံများအ တွက် တစ်ယူနစ်လျှင် ၁၀၀ ကျပ် နှင့် ၁၅၀ ကျပ်အပြင် ဓာတ်အား ဆုံးရှုံးခ ၁၀ ရာခိုင်နှုန်း ထည့်သွင်း သတ်မှတ်ကောက်ခံနေသည်။ လက်ရှိ လျှပ်စစ်ဓာတ်အား သတ်မှတ်ကောက်ခံသည့် နှုန်းထားများသည် အစိုးရအတွက် အရှုံးပေါ်နေ သော အခြေအနေမျိုးဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
‘‘စက်မှုဇုန်တွေပေးနေတဲ့ လက်ရှိ ဓာတ်အားခက အစိုးရအ တွက် မရှုံးပါဘူး။ အများပြည်သူ ကိုပေးတဲ့ နှုန်းကသာ ရှုံးနေတာ။ ဓာတ်အားခထုတ်လုပ်မှု ကုန်ကျ စရိတ်နဲ့တွက်ရင် စက်မှုဇုန်တွေကို ပေးတဲ့နှုန်းထားက အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဘူး’’ဟု လှိုင် သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော် မတီဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြော ကြားသည်။
 လျှပ်စစ်ဓာတ်အား ထုတ် လုပ်မှုစရိတ်သည် သွယ်တန်း စရိတ်၊ ဖြန့်ချိစရိတ်မပါဘဲ တစ်ယူ နစ်လျှင် ကျပ်ငွေ ၁၃၀ မှ ၁၄၀ ကြားရှိသဖြင့် လက်ရှိဓာတ်အားခ နှုန်းထားသည် အစိုးရက အရှုံးခံ ထုတ်လုပ်ပေးနေသကဲ့သို့ ဖြစ်နေ ကြောင်း ဝန်ကြီးချုပ်က ပြော သည်။ လျှပ်စစ်ဓာတ်အားခများ ထပ်မံမြင့်တက်မည်ဆိုပါက ပြည် တွင်းစက်မှုဇုန်များမှ ထုတ်ကုန် လုပ်ငန်းရှင်များသည် ပြည်ပမှ သွင်းကုန်ပစ္စည်းများနှင့် ဈေးနှုန်း ယှဉ်ပြိုင်ရောင်းချရန် အခက်အခဲ များစွာ ဖြစ်လာနိုင်ကြောင်း လှိုင် သာယာစက်မှုဇုန်မှ ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အစိုးရအနေဖြင့် စက်မှုဇုန်များတွင် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းထက် လျှပ်စစ်အသုံးများသော စီးပွားရေးလုပ်ငန်းများဖြစ်သည့် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများအတွက် ပေးထားသည့် လျှပ်စစ်ဓာတ်အားခကို ဦးစွာတိုးမြှင့် ကောက်ခံသင့်သည်ဟု ဆန်စက်ပိုင်ရှင်တစ်ဦးက အကြံပြုပြောသည်။
Credit To >>> 7 Day Daily 

0 comments:

Post a Comment