2.2.17

CLMV နိုင်ငံတွေဆီ ဈေးကွက်ဝေစုတွေ လွှဲပြောင်းပေးရမယ့် အခြေအနေနဲ့ ထိုင်းရင်ဆိုင်နေရဟု ဆို


လက်ရှိအချိန်မှာ အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) ဒုတိယနှစ်စတင်ဝင်ရောက်လာတာနဲ့အမျှ ထိုင်းနိုင်ငံအနေနဲ့
စိုက်ပျိုးရေးနဲ့ လယ်ယာထုတ်ကုန်ကဏ္ဍမှာ CLMV နိုင်ငံတွေဆီဈေးကွက်ဝေစုတွေ ဆုံးရှုံးရဖို့ ရှိနေတယ်လို့ သုတေသန တစ်ခုအရသိရပါတယ်။

ထိုင်းရဲ့ အိမ်နီးချင်းတွေလည်း ဖြစ်သလို CLMV နိုင်ငံတွေလည်းဖြစ်ကြတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ဟာ ယခုဆိုရင် ထုတ်လုပ်မှုအခြေစိုက်နိုင်ငံသစ်တွေအဖြစ် ပေါ်ထွက်လာနေပြီး ထိုင်းနိုင်ငံက မူလအခြေစိုက်ထားတဲ့ ဦးဆောင် နိုင်ငံတကာလုပ်ငန်းကြီးတွေဟာလည်းအထက်ပါနိုင်ငံတွေဆီ ပြောင်းaရွှ့တာတွေ ရှိနေတယ်လို့ ထိုင်းရဲ့ Thai Chamber of Commerceတက္ကသိုလ် နိုင်ငံတကာကုန်သွယ်မှုဘာသာရပ်စင်တာက ဒါရိုက်တာAat Pisanwanich ကပြောပါတယ်။

တရုတ်နဲ့လည်း အိမ်နီးချင်းနိုင်ငံတွေဖြစ်နေတဲ့အလျှောက် CLMVနိုင်ငံတွေဟာ ယခုဆိုရင် ထိုင်းနိုင်ငံဆီက ထုတ်ကုန်တွေတင်သွင်းပြီးကြီးမားကျယ်ပြန်တဲ့ ဈေးကွက်ကြီး ရှိတဲ့ တရုတ်ဆီကို ပြန်လည်တင်ပို့တာတွေ လုပ်နိုင်တယ်လို့ သိရပါတယ်။

အလားတူ ယင်း နိုင်ငံတွေဟာ စီးပွားရေးတိုးတက်မှုနှုန်းလည်းမြင့်မားလာပြီး တစ်နှစ်ကို ပျမ်းမျှ ၇ ဒသမ ၈ ရာခိုင်နှုန်းလောက်စီရှိလာနေတာကြောင့် နောက်ငါးနှစ်အတွင်း အလားအလာတွေ ထပ်မံတိုးပွားဖြစ်ပေါ်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

Mr Aat က ပြောကြားရာမှာတော့ ထိုင်းနိုင်ငံအနေနဲ့ စိုက်ပျိုးရေးနဲ့လယ်ယာထွက်ကုန်ကဏ္ဍမှာ ယင်း အိမ်နီးချင်းလေးနိုင်ငံဆီ aဈးကွက်ဝေစုတွေ လွှဲပြောင်းပေးရဖွယ်ရှိနေပြီး ယခုနှစ်အတွင်းဈေးကွက်ဝေစု ၁၀ ရာခိုင်စု ဆုံးရှုံးနိုင်တယ်လို့ ဆိုသွားပါတယ်။AEC ကို တိုးမြင့်ဖော်ဆောင်နေတာနဲ့အမျှ ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၆ က အာဆီယံဒေသကို ယင်းရဲ့ လယ်ယာထုတ်ကုန်နဲ့ ထုတ်ပိုးကုန် တင်ပို့မှုကနေ ဘတ် ၃၂၁ ဒသမ ၅ ဘီလီယံရရှိခဲ့ပြီး ၂၀၁၅ ကထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ယင်းတိုးတက်မှုနှုန်းဟာ ၂၀၁၀-၂၀၂၅ ကြားကာလမှ ပျမ်းမျှ၁၀ ဒသမ ၅ ရာခိုင်နှုန်းကနေ ကျဆင်းသွားဖို့ရှိနေတယ်လို့လည်းသိရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment