2.2.17

ပို့ကုန်ထက် သွင်းကုန်ပမာဏများခြင်းကြောင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ လေးဘီလီယံခန့်အထိ မြင့်တက်

ဒီချုပ်အစိုးရလက်ထက် ကိုးလကျော်အချိန်အတွင်း မြန်မာ နိုင်ငံနှင့် ပြည်ပနိုင်ငံများကုန်သွယ် ရေးတွင် သွင်းကုန်ပမာဏသည် ပို့ကုန်ထက်ပိုများနေခြင်းကြောင့် ကုန်သွယ်မှုလိုငွေပမာဏအမေရိ ကန်ဒေါ်လာ လေးဘီလီယံနီးပါး အထိ မြင့်တက်လာကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။ သဘာဝဓာတ်ငွေ့တင်ပို့ ရောင်းချမှုမှ ဝင်ငွေကျဆင်းလာ ခြင်း၊ လယ်ယာထုတ်ကုန်ပစ္စည်း များတင်ပို့ရောင်းချမှုပမာဏ လျော့ကျခြင်း၊ မူဆယ်မြို့၌ တိုက် ပွဲများဖြစ်ပွားခဲ့ကြောင့် ကုန်သွယ် မှုတစ်လနီးပါး ရပ်တန့်ခဲ့ရသဖြင့် ကုန်သွယ်မှုလိုငွေ ရှိနေသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးတစ်ဦးက ပြောသည်။

အစိုးရသစ်လက်ထက် ဧပြီ မှ ဇန်နဝါရီလလယ်အထိ မြန်မာ နိုင်ငံမှ ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံကျော်

ရှိပြီး သွင်းကုန်ပမာဏ အမေရိ ကန်ဒေါ်လာ ၁၂ ဒသမ ၇ ဘီလီယံကျော်ရှိကြောင်း စာရင်းဇယား များအရ သိရသည်။

မြန်မာနိုင်ငံတွင် ကုန်သွယ်မှု မညီမျှမှု၊ ကုန်သွယ်မှုလိုငွေမြင့် တက်နေမှုသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ပြုပြင်ရမည့် ခြေအနေမျိုးဖြစ်သည်ဟု စီးပွား ရေးပညာရှင်အချို့က ထောက်ပြ နေကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာ နှင့် ကုန်သွယ်ရေးတွင် ငွေကြေး လွှဲပြောင်းမှုပမာဏသည် (ကုန် သွယ်ရေးလိုငွေ) ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၌ ပြည်တွင်းအသား တင်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)၏ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိနေပြီး ဆက်လက်၍ မြင့်တက်နိုင်သည်ဟု ကမ္ဘာ့ဘဏ်၏အကြီးတန်းဘောဂဗေဒ ပညာရှင် မစ္စတာဟာဘစ်ရက်ဘ်က ပြောသည်။

ကုန်သွယ်မှုလိုငွေမြင့်တက် ပြီး ပြည်တွင်း၌ အမေရိကန် ဒေါ်လာလိုအပ်ချက် များနေခြင်း ကြောင့် ဇိမ်ခံသွင်းကုန်ပစ္စည်းများ အပေါ် အခွန်ကောက်ခံရန် အစိုးရ က စီစဉ်နေသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment