2.2.17

အာဆီယံဒေသသို့ ယခုနှစ်အတွင်း ခရီးသွားဦးရေသန်း ၁၂၀ ကျော် ၀င်ရောက်ရန် ဆောင်ရွက်မည်

၂၀၁၇ အတွင်း အာဆီယံနိုင်ငံများသို့ နိုင်ငံတကာမှ ခရီးသွားဧည့်သည် ၁၂၁သန်း ၀င်ရောက်ရန်သတ်မှတ် ဆောင်ရွက်မည်ဟု ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာ ၀န်ကြီးများတက်ရောက်သည့် အာဆီယံခရီးသွားဖိုရမ်၌ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၉ ရက်က စင် ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံ ၁၀ နိုင်ငံမှ ခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သော ၀န် ကြီးများအဆင့် တက်ရောက်သည့် ဖိုရမ်၌ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြောင်း ဖိုရမ်နှင့်ပတ်သက် ၍ သတင်းထုတ်ပြန်သည်။

ထိုသို့ဆောင်ရွက်ရာတွင် အာဆီယံနိုင်ငံအများစုသည် ပင် လယ်နှင့် ဆက်စပ်ဒေသများ၌တည်ရှိသဖြင့် ပင်လယ်တွင်းအ ပျော်စီးသင်္ဘောဖြင့် ခရီးသွားလုပ် ငန်း (Cruise Tourism) ပိုမိုဖွံ့ဖြိုးလာစေရေး အာဆီယံနိုင်ငံများအ ချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။


အဆိုပါ Cruise Tourism ဖွံ့ဖြိုးရေးအတွက် အာဆီယံနိုင်ငံ များ ပူးပေါင်းဆောင်ရွက်ကြရန် စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံခရီးသွားဖိုရမ်အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြော ကြားခဲ့သည်။

‘‘အာရှမြောက်ဘက်ပိုင်းနဲ့ သြစတြေးလျမှာဆိုရင် Cruise Tourism က တဖြည်းဖြည်းနဲ့ ထင်ရှားတိုးတက်လာပြီ ဖြစ်ပါ တယ်။ အာဆီယံဒေသဟာ တစ် နှစ်ပတ်လုံး ပူနွေးစိုစွတ်တဲ့ ရာသီ ဥတုရှိတယ်။ ပင်လယ်ပြင်က ငြိမ် သက်တယ်။ အချိန်အနည်းငယ် အတွင်းမှာ ခုတ်မောင်းသွားလာ လို့ရတဲ့ စိတ်ဝင်စားဖွယ်ကောင်း ပြီး မတူကွဲပြားတဲ့နေရာတွေ ရှိတယ်။ ဒါကြောင့် Cruise Tourism ဖွံ့ဖြိုးတိုးတက်ဖို့အ တွက် အားလုံးဝိုင်းဝန်းပူးပေါင်း ကြိုးစားဖို့လိုတယ်’’ဟု စင်ကာပူ နိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းက ပြောသည်။

အဆိုပါ Cruise Tourism ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံအ နေဖြင့် လတ်တလောတွင် အခြေ ခံအဆောက်အအုံများ ပြည့်စုံမှု မရှိသေးသော်လည်း လာမည့် ငါးနှစ်ခန့်၌ ယင်းလုပ်ငန်းကို လက်ခံဆောင်ရွက်နိုင်မည့် အနေအ ထားရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

လာမည့် ၁၈ နှစ် (၂၀၃၅ ခုနှစ်)တွင် အာဆီယံဒေသတွင်း Cruise Tourism အရေအတွက် ၄ ဒသမ ၅ သန်းအထိ တိုးတက်လာရေးလုပ်ငန်းစီမံချက်များရေးဆွဲ ကာ အာဆီယံအဆင့်ကော်မတီ တစ်ရပ်ဖွဲ့စည်းဆောင် ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Credit To >>> 7 Day Daily


0 comments:

Post a Comment