6.2.17

ဒေါ်နယ်ထရမ့် တက်လာခဲ့တဲ့ ဇန်န၀ါရီလမှာပဲ အလုပ်သစ်ဖန် တီးမှု အားကောင်းလာခဲ့

Image may contain: one or more people and people standing
အမေရိကန် နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းက အလုပ်အကိုင်သစ်ပေါင်း ၂၂၇,၀၀၀ ထိ ထပ်တိုးဖန်တီးနိုင်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်တွေ ကြိုတင်ခန့်မှန်းထားတဲ့ ၁၇၅,၀၀၀ ထက် ပိုမိုများပြားနေခဲ့တယ်လို့်နိုင်ငံတကာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

လုပ်သား စာရင်းအင်းဗျူရိုက ထုတ်ပြန်ခဲ့တဲ့ အခုကိန်းဂဏာန်းတွေအရလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖန်တီးနိုင်ခဲ့တဲ့ ပမာဏ ၁၅၇,၀၀၀ နဲ့ နှိုင်းယှဉ်ရင်လည်း ပိုမိုများပြားနေခဲ့တာဖြစ်ပါတယ်။

ယခုလို အလုပ်သစ်ဖန်တီးနိုင်မှုပိုင်းမှာ သိသိသာသာတိုးတက်အားကောင်းလာမှုတွေကြောင့် သမ္မတသစ်ထရမ့်အနေနဲ့ နိုင်ငံမှာ အားကောင်းကြီးမားတဲ့ အလုပ်အကိုင်ဈေးကွက်ကြီးဖန်တီးမယ်ဆိုတဲ့ ရည်မှန်းချက်ကို ပိုမိုအားဖြည့်ပေးနိုင်လိုက်ပြီဖြစ်ပါတယ်။

သမ္မတ ထရမ့်အနေနဲ့ကတော့ လာမယ့် ဆယ်နှစ်အတွင်း နိုင်ငံမှာ အလုပ်အကိုင်ပေါင်း ၂၅ သန်း ဖန်တီးပေးမယ်လို့ ကတိပြုထားခဲ့ပြီး ယင်းပမာဏဟာ အမေရိကန်သမ္မတတွေထဲမှာ အများဆုံးပမာဏလည်း ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း ယင်းနိုင်ငံရဲ့ ပျမ်းမျှလစာ တိုးတက်မှုနှုန်းပိုင်းနဲ့ အချိန်ပိုင်းအလုပ်လုပ်ကိုင်သူ အရေအတွက်ပိုင်းမှာတော့ အနည်းငယ်သာ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဘက်မှာလည်း အချိန်ပြည့်အလုပ် ရှာဖွေသူဦးရေပိုင်းမှာလည်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment