15.2.17

နောက်ထွက်ရှိလာမယ့် iPhone သစ်ရဲ့ အလားအလာမျှော် မှန်းချက်ကြောင့် Apple ရဲ့ ရှယ်ယာတန်ဖိုးတွေ စံချိန်တင် မြင့်တက်

No automatic alt text available.
နောက်ထွက်ရှိလာမယ့် iPhone သစ်ကြောင့် လက်ရှိနှေးကွေးနေတဲ့ရောင်းအားပိုင်းကို ပြန်လည်နိုးထစေလိမ့်မယ်ဆိုတဲ့
မျှော်မှန်းချက်တွေ အားကောင်းလာနေတဲ့အချိန်မှာပဲ အမေရိကန်ကုမ္ပဏီကြီး Apple ရဲ့ ရှယ်ယာတန်ဖိုးပိုင်းမှာတော့
စံချိန်တင်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ယင်း ကုမ္ပဏီကြီးရဲ့ စတော့ပိုင်းကို ကြည့်မယ်ဆိုရင်တော့ နယူးယောက် စတော့ဈေးကွက်ပိတ်သိမ်းချိန်မှာ ဒေါ်လာ ၁၃၃ ဒသမ ၂၉ နဲ့ ၁ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ယင်းဟာစံချိန်တင်မြင့်မားခဲ့တာလည်း ဖြစ်တယ်လို့သိရပါတယ်။

ယင်းတန်ဖိုးမြင့်တက်မှုကြောင့်လည်း ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးကိုစုစုပေါင်းဒေါ်လာ ၆၉၉ ဘီလီယံနဲ့ ကမ္ဘာ့ဈေးကွက်တန်ဖိုးအမြင့်ဆုံးကုမ္ပဏီအဖြစ်သို့ရောက်ရှိစေခဲ့တယ်လို့လည်း ဆိုပါတယ်။

အလားတူ လာမယ့်နှစ်မှာလည်း ယင်း Apple ရဲ့ ရှယ်ယာပိုင်းမှာထပ်မံ မြင့်တက်မှုတွေနဲ့ပါ ကြုံရဖို့ရှိနေပြီး ၁၂ လအတွင်း ပျမ်းမျှဒေါ်လာ ၁၄၂ ဒသမ ၅၈ နှုန်းထိ ရှိမယ်လို့ အကဲဖြတ်တွေက ခန့်မှန်းသွားပါတယ်။

ယခုလို တနင်္လာနေ့က ရှယ်ယာတန်ဖိုးတွေ အမြင့်ဆုံးအတိုင်းအတာတစ်ခုကို ပြန်လည်မြင့်တက်ခဲ့တာကတော့ ပြီးခဲ့တဲ့ ၂၀၁၅ဖေဖော်ဝါရီလက အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဒေါ်လာ ၁၃၃ ထက် ပိုမိုသာလွန်သွားခဲ့ပါတယ်။

ယင်းဖေဖော်ဝါရီလက အမြင့်ဆုံးအတိုင်းအတာ ရောက်ခဲ့ပြီးကတည်းက ယင်းကုမ္ပဏီရဲ့ စတော့တန်ဖိုးပိုင်းမှာ တစ်နှစ်ကျော်နီးပါးအကျဘက်ပြန်ရောက်ခဲ့ပြီး လုပ်ငန်းတိုးတက်နိုင်မှုပိုင်းနဲ့ iPhoneခေတ်လွန် ကုမ္ပဏီအလားအလာပိုင်းနဲ့ပတ်သက်လို့ မေးခွန်းတွေ ၊ စိုးရိမ်သံတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

ဒါပေမယ့် ပြီးခဲ့သည့် အားလပ်ရက်ကာလသုံးလတာအတွင်းမှာတော့ယင်းရဲ့ iPhone ရောင်းအားပိုင်းမှာလည်း မျှော်မှန်းထားတာထက်အားကောင်းခဲ့တာကိုတော့  တွေ့ခဲ့ရပါတယ်။
Credit To >>> v SFJ Strategy First Journal

0 comments:

Post a Comment