15.2.17

လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် MNDAA တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

လောက်ကိုင်ဒေသတွင် မြန်မာ့တပ်မတော်နှင့် MNDAA တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသတွင်းရဲတပ်ဖွဲ့နှင့် ဒေသခံများထံမှ သတင်းရရှိသည်။

လောက်ကိုင်ခရိုင်ထဲရှိ တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိ စပ်နေသော မော်ထိုက်မြို့နယ် ကျေးရွာအချို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း အမည်မဖော် လိုသော ဒေသတွင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။

‘‘သူတို့ (MNDAA)က အခိုင် အမာစခန်းတွေ တည်ဆောက် လာတယ်။ အဲဒီအပေါ်မှာ လက်ခံ လို့ အဆင်မပြေဘူးပေါ့နော်။ တာ ၀န်ယူထားတဲ့ တပ်မတော်နဲ့ ထိ တွေ့ပြီး တိုက်ပွဲဖြစ်တဲ့ သဘော ပါ။ ကိုးကန့်အဖွဲ့နဲ့ဖြစ်တာ။ လောက်ကိုင်နဲ့ အထက်ဘက် ဟုန် အိုင်တို့၊ မော်ထိုက်တို့ဘက်မှာ ဖြစ်နေတာ။ တစ်ပတ်လောက် တော့ရှိနေပြီ။ ပြင်းပြင်းထန်ထန် တော့ ဒီတစ်ရက်၊ နှစ်ရက်မှဖြစ် တာ’’ဟု အထက်ပါရဲအရာရှိက ပြောသည်။

တိုက်ပွဲကြောင့် အရပ်သား ထိခိုက်မှုသတင်းများ မကြားရ ကြောင်း လောက်ကိုင်ဒေသမှ လူ မှုရေးအဖွဲ့များထံမှ သတင်းရရှိ ပြီး လောက်ကိုင်မြို့ပေါ်တွင် လုံ ခြုံရေးတိုးမြှင့်ထားကြောင်း ဒေသ ခံများက ပြောသည်။

လောက်ကိုင်ဒေသတွင် ယ ခုရက်ပိုင်းဖြစ်ပွားနေသော တိုက် ပွဲအကြောင်း တပ်မတော်က တရားဝင်သတင်းမထုတ်ပြန် သေးပေ။ တပ်မတော်သတင်းအ မှန်ထုတ်ပြန်ရေးအဖွဲ့သို့ ဆက် သွယ်မေးမြန်းရာ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းက ‘‘ထုတ်ပြန်သင့်တဲ့အချိန် ထုတ် ပြန်ပေးမှာပါ။ စစ်ရေးစစ်ရာ သတင်းကတော့’’ဟု ပြောသည်။

လောက်ကိုင်ပါဝင်သော ကိုးကန့်ဒေသတွင် ၂၀၁၅ ဖေဖော်ဝါရီကစတင်၍ မြန်မာ့တပ်မတော်နှင့်MNDAA တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများပြားခဲ့သည်။ နောက် ပိုင်းတွင် တပ်မတော်က ထိန်း ချုပ်ပြီး ၂၀၁၅ ဖေဖော်ဝါရီ ၁၇ ရက်ကစ၍ စစ်အုပ်ချုပ်ရေးကြေ ညာခဲ့သည်။ စစ်အုပ်ချုပ်ရေးကာ လ ခြောက်လအကြာ ၂၀၁၅ သြဂုတ်တွင် စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းခဲ့သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment