14.2.17

မောင်းသူမဲ့ သင်္ဘောများ ထုတ်လုပ်နိုင်ဖို့ Rolls-Royce စီစဉ်

Image may contain: ocean, sky, bridge, outdoor and water
လာမယ့် ၂၀၂၀ မတိုင်ခင် လုပ်သားတွေလိုက်ပါခြင်းမရှိတဲ့ရေယာဉ်သင်္ဘောတွေကို ထုတ်လုပ်သွားနိုင်ဖို့ စီစဉ်နေတယ်လို့ Rolls-Royceက ပြောပါတယ်။

ယင်းလုပ်ငန်းကြီးအနေနဲ့ ယခုအခါ အလိုအလျောက်သွားလာနိုင်မယ့်ရေယာဉ်တွေ ထုတ်လုပ်ဖို့အတွက် ဥရောပမြောက်ခြမ်းကအစိုးရကျောထောက်နောက်ခံ အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ယခု အစီအစဉ်ကြောင့်လည်း ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးပိုင်းမှာ ကုန်ကျစရိတ် အများဆုံး ၂၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်မယ်လို့ ကုမ္ပဏီက တွက်ချက်ထားပါတယ်။

ကနဦးအနေနဲ့ ဆွဲရေယာဉ်တွေ၊ ဖယ်ရီတွေကို ထုတ်လုပ်သွားဖို့ရှိပြီး ယင်းနောက်မှာတဆင့် နိုင်ငံတကာ ပင်လယ်ရေကြောင်းတွေမှာ သွားလာနိုင်မယ့် ကုန်တင်သင်္ဘောကြီးတွေကို ထုတ်လုပ်မယ်လို့Rolls-Royce ရဲ့ တီထွင်ဆန်းသစ်မှုဆိုင်ရာ ဒုဥက္ကဌ Oskar Levander က ပြောပါတယ်။

အလားတူ အကျိုးအမြတ် တွေ ပိုရနိုင်တဲ့ ယခုနည်းပညာကို အဓိကသင်္ဘောပို့ဆောင်ရေးလုပ်ငန်းကြီးတွေလည်း အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း နိုင်ငံတကာ ရေကြောင်းသမဂ္ဂ Nautilus ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ " ဒီပြောင်းလဲမှုကြောင့် ဘေးကင်းလုံခြုံမှုပိုင်းအပေါ် စိန်ခေါ်လာစရာရှိပါတယ်၊ ဒီနည်းပညာကြောင့် အလုပ်အကိုင်တွေ နဲ့ ကုန်ကျစရိတ်တွေကို တကယ်ပဲ လျှော့ချနိုင်မလားဆိုတာ ကျွန်တော်တို့ စိုးရိမ်မိပါတယ်" လို့ ပြောသွားပါတယ်။

ဒါပေမယ့်လည်း ပင်လယ်ဓါးပြရန်ကနေ ကာကွယ်မယ့် သင်္ဘောအမှုထမ်းမပါတာကြောင့် အလိုအလျောက်သဘောင်္တွေအတွက် လုံခြုံရေးအစောင့်အကြပ် ငှားရမ်းခေါ်ယူရမှုနှုန်းကို လျှော့ချစေနိုင်မယ်လို့လေ့လာသူတစ်ချို့က သုံးသပ်ပါတယ်။

ဒီအလိုအလျောက် သင်္ဘောတွေဟာ ရှိရင်းစွဲ သင်္ဘောတွေထက် ပိုမိုလုံခြုံဘေးကင်းနိုင်တယ်လို့ Rolls-Royce ကတောဆက်လက်ပြောကြားထားဆဲဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment