14.2.17

အာရှနိုင်ငံတွေရေနံသုံးစွဲမှုနှုန်း ပိုများပြားလာဖို့ရှိနေ

Image may contain: sky, shoes and outdoor
အာရှဒေသက နိုင်ငံကြီးသုံးနိုင်ငံဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်သုံးနိုင်ငံပေါင်း ရေနံသုံးစွဲမှုပမာဏဟာတော့ အာရှဒေသတစ်ခုလုံးရဲ့ စုစုပေါင်း ရေနံသုံးစွဲမှုနှုန်းရဲ့ ၆၃ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့လည်း ကမ္ဘာ့စွမ်းအင်အစီရင်ခံစာတစ်ခုဖြစ်တဲ့BP Statistical Review of World Energy report မှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ကတော့ ယင်းရဲ့ ရေနံသုံးစွဲမှု တိုးတက်မှုနှုန်းပိုင်းမှာ၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ နှေးကွေးနေခဲ့ပေမယ့်ပေမယ့်လည်း ယင်းနိုင်ငံအနေနဲ့ အာရှဒေသရဲ့ ရေနံအများဆုံး သုံးစွဲနေနိုင်တဲ့နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ သိရပါတယ်။အလားတူ အိန္ဒိယနိုင်ငံဟာဆိုရင်လည်း ဂျပန်ကို ကျော်ပြီး ကမ္ဘာ့တတိယအကြီးဆုံး ရေနံသုံးစွဲသူ ဖြစ်လာနေတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ယင်းနိုင်ငံအနေနဲ့ ယခုအခါအမေရိကန်နဲ့ တရုတ်တို့ရဲ့နောက်မှာ ကမ္ဘာ့တတိယအကြီးဆုံးရေနံသုံးစွဲသူနိုင်ငံအဖြစ် ရပ်တည်နေလျက်ရှိပါတယ်။အစီရင်ခံစာရဲ့ အဆိုအရတော့ အိန္ဒိယမှာ ၂၀၃၅ မတိုင်ခင် အဓိကနိုင်ငံကြီးတွေထဲမှာ အမြန်ဆန်ဆုံးအတိုင်းအတာနဲ့ ရေနံသုံးစွဲမှုပိုင်း မြင့်တက်လာမယ်လို့ ဆိုထားပါတယ်။

ဂျပန်နိုင်ငံကတော့ ရေနံသုံးစွဲမှုပိုင်းမှာ ကမ္ဘာ့စတုတ္တမြောက်အများဆုံး နိုင်ငံအဖြစ်သို့ အဆင့်လျော့ကျသွားခဲ့ပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံအနေနဲ့ကတော့ ၂၀၁၅ ခုနှစ်က တစ်နေ့ကို စည်ပေါင်း ၃ ဒသမ ၃၇ သန်း တင်သွင်းခဲ့ပြီးတော့အစောပိုင်းတစ်နှစ်ကထက် ၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။

အလားတူ ၂၀၁၅ မှာပဲ တောင်ကိုရီးယားနိုင်ငံဟာလည်း တစ်နေ့ကိုရေနံနဲ့အခြား စက်သုံးဆီ စည်ပေါင်း ၂ ဒသမ ၄ သန်းသုံးစွဲပြီးအာရှဒေသရဲ့ စတုတ္ထမြောက် အကြီးဆုံး ရေနံသုံးစွဲသူနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment