2.5.13

ရုရှား အာကာသယာဉ်မှူးများ အာကာသသို့ အိုလံပစ် မီးရှူးတိုင် ယူဆောင်သွားမည်

၂.၅.၂၀၁၃၊ ကြာသပတေးနေ့


ရုရှား အာကာသယာဉ်မှူး များသည် အာကာသသို့ အိုလံပစ် မီးရှူးတိုင်ကို ယူဆောင်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံ Roscosmos အာကာသ စခန်းက ဧပြီ ၂၈ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
နိုင်ငံတကာ အာကာသစခန်း (ISS) မှ ရုရှား အာကာသယာဉ်မှူးများ အာကာသသို့ မီးရှူးတိုင် ယူဆောင်မည့် အစီအစဉ်ကို Roscosmos အာကာသ အေဂျင်စီက ထောက်ခံ အတည်ပြုကြောင်း အဆိုပါ အာကာသ စခန်းမှ ဒုတိယ အကြီးအကဲ ဗိုင်တလီဒါ ဗီဒေါ့ဗ်က ဒေသတွင်း သတင်းဌာန တစ်ခုသို့ ပြောကြားခဲ့သည်။

အဆိုပါ မီးရှူးတိုင်သည် အိုလံပစ် မီးရှူးတိုင်အစစ် မဟုတ်သော်လည်း မျက်မှောက်ခေတ် အိုလံပစ် ပွဲတော်တွင် အသုံးပြုမည့် မီးရှူးတိုင် အမျိုးအစားနှင့် တထေရာတည်း တူညီကြောင်း ဒါဗီဒေါ့ဗ်၏ ပြောကြား ချက်ကို ကိုးကား၍ အင်တာဖက်စ် သတင်းအေဂျင်စီက ထုတ်ပြန် ကြေညာခဲ့သည်။

အိုလံပစ် အာကာသ လမ်းလျှောက်ပွဲ အစီအစဉ်ကို အိုလံပစ် အားကစားပွဲတော် ကျင်းပရေး ကော်မတီက သဘော တူညီခဲ့ပြီး နိုင်ငံတကာ အာကာသစခန်းတွင် မီးထွန်းညှိခြင်းကို တားမြစ် ထားသောကြောင့် အဆိုပါ မီးရှူးတိုင်ကို မီးထွန်းညှိမည် မဟုတ်ကြောင်း တာဝန်ရှိသူ များ၏ ပြောကြားချက် အရ သိရသည်။

မြ၀တီ

0 comments:

Post a Comment