17.7.13

သဘာဝ သယံဇာတ ရင်းနှီးမှုတွေ ရပ်ဆိုင်းပေးဖို့ အစိုးရ စဉ်းစားဖို့ လိုဟုဆို

မြန်မာနိုင်ငံက ကြီးမားတဲ့ သဘာဝ သယံဇာတ ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ အတွက် အစိုးရအနေနဲ့ စဉ်းစား ဖို့ ရွှေဂက်စ် - ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားရေးအဖွဲ့က အစိုးရ ကို တောင်းဆိုလိုက်ပါတယ်။


မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေ အရ အခုလို ကြီး မားတဲ့ သဘာဝသယံဇာတ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့လည်း ရွှေကက်စ်အဖွဲ့က ပြောလိုက်ပါတယ်။တရုတ်နဲ့မြန်မာ ၂နိုင်ငံ ပူးတွဲလုပ်ဆောင်နေတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်း နဲ့ပတ်သက်ပြီး လှုပ်ရှားရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ ရွှေဂက်စ်အဖွဲ့ကမနေ့ကအ စီရင်ခံစာတခုထုတ်ပြန်ခဲ့ ပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေ အရ နိုင်ငံတကာအဆင့်မှီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ မှာ သဘာဝသယံဇာတ စီမံခန့်ခွဲမှု၊ ပွင့်လင်းမြင်သာတဲ့ ဝင်ငွေ ပြသဖို့နဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ကြီးမားတဲ့ လိုအပ်ချက်တွေ တွေရှိနေတယ်လို့ ရွှေဂက်စ်အဖွဲ့ကနေ သုတေသနပြုလုပ်တွေ့ရှိခဲ့တယ်လို့ အစီရင်ခံထဲမှာဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ မှန်ကန်တဲ့ နည်းလမ်းပေါ်မှာ ဦးတည်သွားနေပေမယ့် ကောင်းမွန်တဲ့အုပ်ချုပ်တာဝန်ယူမှု နေရာတွေမှာတော့ အလှမ်းဝေး ကျန်ရစ်နေ သေးတယ် ဆို ပါတယ်။ အဲဒါအပြင် သဘာဝသယံဇာတ အရင်းအမြစ်တွေ နဲ့ ရည်ရှည် ကာကွယ်နိုင်ဖို့ အတွက် အစိုးရအနေနဲ့ ပြည်တွင်းလုပ်ငန်းဘောင် ပေါ်လစီ တခု ချမှတ် သွားဖို့လိုအပ်တဲ့အကြောင်း ၊ မြန်မာနိုင်ငံအတွင်းမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတာဝန်ယူမှု စဉ်းမျဉ်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းဘောင် စည်းမျဉ်းဥပဒေမရှိမချင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အထူးသဖြင့် ပြည်တွင်း သယံဇာတတွေကို ထုတ်ယူတဲ့စက်မှုဇုံလုပ်ငန်းတွေကို မပြုပ်လုပ်သင့်တဲ့အကြောင်း ကိုလည်း အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

သဘာဝ သယံဇာတတွေကို တိုင်းပြည်အကျိုးအတွက်သုံးသင့်တဲ့အကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ၊ အကျိုးအမြတ် ရရှိ မှု တွေ ဟာ လဲလူတစုအတွက်သာမဖြစ်သင့်တဲ့ အကြောင်းနဲ့ အတိတ်ကမှားတွေအပေါ်မှာသင်ခန်းစာယူ ပြီး သယံဇာတ တူးဖော်မှုတွေမှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ဆက်မဖြစ်ရ အောင် ရပ်ဆိုင်းသင့်တယ်ဆိုတဲ့အကြောင်း ရွှေဂက်စ်လှုပ်ရှားမှု အဖွဲ့ရဲ့ကြေညာချက်ထဲမှာ ဖေါ်ပြ ထားပါတယ်။

ABC Radio Australia

သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတခု (Credit: ABC)

0 comments:

Post a Comment