17.7.13

မိမိရဲ့ကျန်ရှိသက်တမ်းတစ်လျှောက်လုံး တန်ဘိုးရှိတဲ့ လူတစ်ယောက်အနေနဲ့ ကျင့်ကြံနေထိုင်သွားမယ့်အပြင် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်စားဖို့အသင့်ရှိနေမယ်လို့ဦးတေဇ ပြောဆို

မိမိရဲ့ကျန်ရှိသက်တမ်းတစ်လျှောက်လုံး တန်ဘိုး ရှိတဲ့ လူတစ်ယောက်အနေနဲ့ ကျင့်ကြံနေထိုင်သွား မယ့်အပြင် တိုင်းပြည်နဲ့လူမျိုးအတွက် မိမိအသက် ကိုပဓာနမထားဘဲ စွန့်စားဖို့အသင့်ရှိနေမယ်လို့ ဟု ဦးတေဇ၏ Facebook စာမျက်နာတွင်ဖေါ်ပြ ထားသည် ၄င်းမှမိမိဘဝ ကို ဖြတ် သန်း ခဲ့ရတဲ့ သက်တမ်း ၄၉ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီလိုဖြစ်သန်း ရတဲ့ဘဝအတွင်း လွန်ခဲ့တဲ့ ၂ နှစ် ၆ လက အသက်အန္တရာယ်မှ
လွတ်မြောက်ခဲ့တဲ့ မဒွယ်ဖြစ်စဉ်အပြီးမှာ မိမိရဲ့ကျန်ရှိသက်တမ်းတစ်လျှောက်လုံး မိမိကိုယ်မိမိ မြန်မာပြည်ရဲ့ တန်ဘိုးရှိတဲ့ လူတစ်ယောက်အနေနဲ့ ကျင့်ကြံနေထိုင်သွားမယ့်အပြင် လိုအပ်လျင်လည်း တိုင်းပြည်နဲ့လူမျိုးအတွက် မိမိအသက်ကိုပဓာနမထားဘဲ စွန့်စားဖို့အသင့်ရှိနေမယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

ဒီလိုဆုံးဖြတ်ချက် ချခဲ့တာနဲ့အညီ တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးတွေကို မိမိကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ မိမိရဲ့ ထူးဖောင်ဒေးရှင်းအနေနဲ့ သီတဂူဆရာတော်ဘုရားနဲ့ လက်တွဲပြီး မျက်စေ့ကုအလှူဒါနကို ကချင်ပြည်နယ်မြောက်ဖျား၊ ပူတာအိုခရိုင်မှာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီကနေအပြန် မိမိမွေးနေ့အထိန်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ သီတဂူဆရာတော်ဘုရားရဲ့ မျက်စေ့ကုအလှူမှာ ဆေးရုံရှိ ဆရာဆရာမများ၊ လူနာများ၊ လူနာစောင့်များအတွက် အကျွေးအမွေးအလှူလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်

ဒီနေရာမှာ မိမိကို မိမိအတွက်ဆရာတော်မိန့်ကြားခဲ့တဲ့ တိုတိုနဲ့ ထိမိတဲ့မိန့်ကြားချက်လေးက မိမိအတွက် ရှေ့ဆက်လုပ်မယ့် လုပ်ငန်းတွေအတွက် တစ်အားဖြစ်စေခဲ့ပါတယ်။ ဘာထားခဲ့မလဲ၊ ဘာယူသွားမလဲဆိုတဲ့ မေးခွန်း အမြဲမေးပါ ဆိုတာပဲဖြစ်ပါတယ်။

မိမိဟာ မြန်မာနိုင်ငံသား၊ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ နိုင်ငံနဲ့လူမျိုးအတွက် မိမိရဲ့ Htoo Group of Companies ရဲ့ ညီအစ်ကိုမောင်နှမ၊ တူ တူမများနဲ့အတူ လက်တွဲညီညီကြိုးပမ်းအကောင်အထည်ဖော်သွားမယ်လို့ ခိုင်မာတဲ့သန္ဓိဌာန် ချမိပါတယ်။ ဟု၎င်း၏ Facebook တွင်ဖေါ်ပြထားသည်။
U Tayza Facebook

0 comments:

Post a Comment