17.7.13

ခိုလုံခွင့်တောင်းခံသူကိစ္စ ဖြေရှင်းဖို့ ကုလပဋိညာဉ် စာချုပ် ပြင်ဖို့ လိုဟုဆို

သြစတြေးလျ နိုင်ငံကို ခိုလှုံခွင့်တောင်းလိုသူတွေတင်ဆောင် တဲ့ လှေတွေ ဒီရက်ပိုင်းအတွင်းမှာ တိုးလာ ပြီး၊ မနေ့ ကနောက်ဆုံး ရောက်လာ တဲ့လှေပေါ်က လူပေါင်း ၁၂၀ ကို သြစတြေးလျ ရေတပ်သင်္ဘောက ကယ်တင်ခဲ့ပြီး ခရစ္စမတ်ကျွန်းကို ပို့ဆောင် လိုက်ပြီလို့ သိရပါတယ်။


အရင်ကရောက်လာတဲ့ လှေ ၂စီးတိမ်းမှောက်နစ်မြုပ် သွားပြီးလူပေါင်း ၁၃ဦး အသက်သေဆုံး ခဲ့ပါ တယ်။

သြစတြေးလျ နိုင်ငံမှာ အခုလို ခိုလှုံခွင့်တောင်းလိုသူ တင်ဆောင်လာ တဲ့လှေ တွေ တနေ့တခြားတိုး လာနေတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ အတိုက်အခံကြား၊ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သူ့ထက် ကိုယ်သာ ငြင်းခုံ အပစ်တင် နေကြပြီး၊ မူဝါဒချမှတ်မှု တဖက်နဲ့တဖက် အလျော့ မပေး ဘဲဖြစ်နေပါတယ်။

အတိုက်အခံ ခေါင်းဆောင် Tony abbott က တော့ အာဏာ ရလာရင် ခိုလှုံခွင့်တောင်း ဖို့ ရောက်လာ တဲ့ လှေ တွေ အကုန်ပြန်ပို့မယ်လို့ ဆိုပါတယ်။ ဒီလိုပြန်ပို့ဖို့ အရေးနဲ့ပတ်သက်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန် ကြီး Marty Netalagawa က တနိုင်ငံထဲ ရဲ့ ဆုံးဖြတ်ချက် နဲ့လုပ်လို့ မရ ဘူးလို့ သတိပေး လိုက်ပါတယ်။

သြစတြေးလျ ရေတပ် ဗိုလ်ချုပ်ဟောင်းတဦး ကတော့ သြစတြေးလျ နိုင်ငံ အနေနဲ့ လှေတွေကို ပြန်လှည့်ဖို့ စီစဉ်မယ်ဆို ရင် ရေတပ်ကနေ လုံလုံခြုံခြုံ ပြန်ပို့ဖို့ စီစဉ် စနစ်တကျ ပြုလုပ်ပေး နိုင်တယ်လို့ဆိုပါတယ်။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်တဲ့ Gareth Evans ကတော့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဉ်စာ ချုပ် ရဲ့ အခြေခံပြဌာန်းချက်မှာ လို အပ်ချက်တွေရှိပြီး ဒီအချက်ကို ပြင်ဆင်ဖို့ သြစတြေးလျ နိုင်ငံက ဦးစီး ဆောင်ရွက်သင့်တဲ့အကြောင်း၊ စာချုပ်ထဲမှာ ဖြည့်စည်းဖို့ လိုအပ်တဲ့ အခြေ ခံဖွင့်ဆိုချက်တချက် ကတော့ ဒုက္ခသည်များ လို့သတ်မှတ်တဲ့နေရာမှာ နိုင်ငံတိုင်းက နေ ညီတူမျှတူ တာဝန် ထမ်းရွက်ဖို့ ဆိုတဲ့ အချက် မပါဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ဟာ ၂၀ ရာစုနှစ် ကမ္ဘာ့အခြေ အနေပေါ်မူတည်ပြီး ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပြီး၊ ၂၁ ရာစု နှစ် ကမ္ဘာ့ အခြေအနေ ခေတ်ကာလ အခြေ အနေ အတိုင်း လိုက်လျောညီထွေ ပြန်ပြီး သုံးသပ် နိုင်ဖို့လို အပ်လာပြီဖြစ်တယ်လို့ ဆိုပါတယ်။

လိုင်ဇာ- ရန်ကုန် လမ်းလျောက်အဖွဲ့ က ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုရန်နိုင်ထွန်း ကဦးဆောင် တဲ့ အဖွဲ့တဖွဲ့ ဟာ မြန်မာ နိုင်ငံမှာ အာဇာနည်နေ့ ကို စစ်အာဏာရှင်အစိုးရ တက်မလာ ခင်က ကျင်းပခဲ့ တဲ့ အတိုင်း ခမ်းခမ်းနားနား ဖြစ်လာ နိုင်ဖို့ အတွက် ကြိုးပမ်း နေ တဲ့ အကြောင်း ရန်ကုန်အခြေစိုက် ရေဒီယို သြစတြေးလျ သတင်းထောက် မဝေစန္ဒာကျော် က သတင်းပေး ပို့ထားပါတယ်။၏


ခိုလုံခွင့်တောင်းခံသူတွေ အင်ဒိုနီးရှားနိုင်ငံက ဖမ်းဆီးခဲ့

အင်ဒိုနီးရှား နိုင်ငံမှာ မြန်မာ နိုင်ငံက ၁၈ဦးအပါအဝင် ခိုလှုံခွင့်တောင်းလိုသူ ၆၃ဦးကို ရဲတွေ က ဖမ်းစီး စစ်ဆေး နေတယ်လို့ သိရပါတယ်။

မြန်မာ ၁၈ ဦးနဲ့အတူ ကျန်တဲ့ ၄၂ဦး ထဲက နီပေါ နိုင်ငံက ၃ဦး၊ သိရိလင်္ကာ နိုင်ငံက ၁ဦး နဲ့ ကျန်တဲ့ ၄၁ဦး ကတော့ ဘင်္ဂလားဒဲရှ် နိုင်ငံ က ဖြစ်ကြတယ်လို့ သိရ ပါတယ်။

ဒီလူအုပ်စုကို အင်ဒိုနီးရှား နိုင်ငံ ဂျာဝါးကျွန်း အနောက်ဖက် Karawang ကမ်းခြေ အနီးက လှေပေါ်မှာ ဖမ်းမိတာ လို့လည်း သိရပါတယ။် ခိုလှုံခွင့်တောင်းလိုသူတွေ ရဲ့လှေက စပြီး ရေတွေ လျှံလာ တာတွေ့တော့ သူတို့ကို ရဲတွေက လှေပေါ်ကနေ ဆင်းခိုင်းပြီး Karawang ဒေသ လူဝင်မှုကြီးကြပ်ရေး ရုံးမှာ ခေါ်ယူ စစ်ဆေး နေ တယ်လို့ သိရပါတယ်။

စစ်ဆေး မေးမြန်းမှု မှာ သူတို့ဟာ သြစတြေးလျ နိုင်ငံ မှာ ခို လှုံခွင့်သွားတောင်းဖို့ လှေတွေနဲ့ ထွက်ခွါဖို့ ကြိုးပမ်းခဲ့ကြတာ လို့ လည်း သိရပါတယ်။ စစ်ဆေး ရေးမှာစာရွက် စာတမ်း မရှိသူတွေကို မိမိတို့ ဌာနေနိုင်ငံ အသီးသီးကို ချက်ခြင်းပြန် ပို့မယ်လို့ ပြောတဲ့ အကြောင်းလည်း သိရပါတယ။်

ABC Radio Australia

ခိုလုံခွင့်တောင်းခံသူတွေကိစ္စကိုဆွေးနွေးဖို့ Papua New Guinea ကို သြစတြေးလျဝန်ကြီးချုပ် Kevin Rudd ရောက်ရှိစဉ် (Credit: AFP)

0 comments:

Post a Comment