9.7.13

ပိုလန်မှ ပထမဆုံး နှလုံးအစားထိုး ခွဲစိတ်ဆရာဝန်

၁၉၈၇ ခုနှစ် တုန်းကပါ။ ပိုလန်မှာ ပထမဆုံး နှလုံး အစားထိုး ကုသပေးနိုင်တဲ့ ခွဲစိတ်ဆရာဝန် အဖြစ် အမည်တွင်စေခဲ့ပါတယ်။ သူကတော့ Zbigniew Religa လို့အမည်ရပါတယ်။

၂၃ နာရီကြာမြင့်တဲ့ အော်ပရေးရှင်းအတွက် မစားမသောက်ပဲ လုပ်ခဲ့တာပါ။ သူ့ရဲ့လက်ထောက် ဆရာဝန်တောင် အော်ပရေးရှင်းအပြီး ခွဲစိတ်ခန်းထဲမှာ နံရံမှီအိပ်ရတဲ့အထိ ပင်ပန်းခဲ့ပါတယ်။ Zbigniew Religa ဟာ ပိုလန် က ဆေးကျောင်း Warsaw Medical University မှာ ပညာသင်ခဲ့ သူပဲ ဖြစ် ပါတယ်။ နှလုံးအစားထိုးကုသမှုက သူ့အတွက် အကြီးမားဆုံး Challenge တစ်ခုဖြစ် လာပြီး ပိုလန်နိုင်ငံရဲ့  ဆေးပညာလောက မှ ကနဦး ဖြစ်လာ ပါတယ်။ သူ့ရဲ့  ထူးချွန်ကျွမ်းကျင် မှုကြောင့် အမေရိကန်နိုင်ငံကပါ ဖိတ်ကြားခေါ်ယူရတဲ့ အဆင့်အထိ ဖြစ်လာပြီးအသဲ၊ ကျောက် ကပ်၊ နှလုံး အစားထိုး/ခွဲစိတ် လောကမှာ မသိသူ မရှိအောင် ကို လူသိများခဲ့ပါတယ်။

၂၀၀၅ ခုနှစ် အော်ကတိုဘာလမှ စလို့ ပိုလန်မှာ နှစ်နှစ်ကြာ ကျန်းမာရေး ဝန်ကြီးအဖြစ် ခန့်အပ် ခံခဲ့ရပါတယ်။ အသက် ၇၀ အရွယ် (၂၀၀၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့) မှာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ Zbigniew Religa ဟာ သူ့ရဲ့  စွမ်းဆောင်ချက်များကြောင့် ယနေ့တိုင် လေးစား အသိအမှတ်ပြု ခံနေရ ဆဲဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: wiki
Aung Kham (TSJ team)

0 comments:

Post a Comment