28.8.13

သဘင်ဖျော်ဖြေပွဲကြီး ပြုလုပ်ဖို့ စီစဉ်နေတဲ့ စွမ်း

စွမ်းက လတ်တလောမှာတော့ ဒါရိုက်တာသားကြီးရိုက်ကူးတဲ့ 'ခေါ်ခွင့်' ဇာတ်ကားကို ရဲအောင်၊ မေကဗျာတို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကား လေးကမိသားစုဒရာမာဇာတ်လမ်းပုံစံဖြစ်ပြီး စွမ်းက မိခင် မေတ္တာငတ်မွတ်နေတဲ့ သားတစ်ယောက်အဖြစ် သရုပ်ဆောင်ထား ပါတယ်။


အခုလို သဘင်ပွဲကြီးတွေ ကြောင့် ငြိမ်သက်နေတဲ့ သဘင် က ပြန်လည် လှုပ်ခတ်လာတဲ့ သဘောရှိလာပြီဆို တာနဲ့ပတ်သက်ပြီး စွမ်းက "အဲဒီလိုပွဲတွေ လုပ်ပေးခြင်းအားဖြင့် သဘင်က ပရိသတ်တွေနဲ့ ပိုပြီးနီးစပ်လာပါတယ်။ အဲလိုမျိုး အမျိုး သားဇာတ်ရုံကြီးမှာ တစ်နိုင်ငံလုံးက ပရိသတ်တွေ လည်း ကြည့်လို့ရအောင် သဘင်ဆိုတာလည်း အဆက်မပြတ် ရအောင် ကျွန်တော် တို့လူငယ်တွေ အနေနဲ့ ဒီလိုပွဲတော်ကြီးတွေ ကျင်းပဖို့အတွက် ပြင်ဆင်နေပါတယ်" လို့ ပြောပါတယ်။အမျိုးသားက ဇာတ်ရုံမှာ တစ်ကိုယ်တော်ဖျော် ဖြေပွဲပြုလုပ်ဖို့ စီစဉ် ထားပေမယ့် လည်းဖျော်ဖြေပွဲပြု လုပ်ဖို့ စီစဉ်ပျက်သွားပြီး နောက်နှစ်မွေးနေ့၈လပိုင်းကျမှ တစ်ကိုယ် တော်ဖျော် ဖြေပွဲပြုလုပ်သွားမှာ ဖြစ်ကြောင်း စွမ်းက ပြော ပါတယ်။

အခုနောက်ပိုင်း နယ်ပွဲတွေ ဖျော်ဖြေ တဲ့အခါမှာ ပရိသတ်တွေနဲ့ အပေးအယူဘယ် လိုတွေရှိနေလဲဆိုတာကို စွမ်းက "ရောက်လေ ရာ အရပ်တိုင်းမှာ ကျွန်တော့်ကို ကြိုက်တဲ့ ပရိသတ်တွေရှိသလို ကျွန်တော့်ကို မကြိုက် တဲ့ ပရိသတ်တွေလည်းရှိတယ်။ လာ ကြည့် တဲ့ ပရိသတ်တိုင်းက ထမင်းရှင် တွေဖြစ် တဲ့အတွက် မေတ္တာထားပြီး ကြိုးစားပြ တယ်။

အရင်က ထက်ပိုပြီး ကျွန်တော် အလုပ်လုပ်ပြတယ်။ ကိုယ့်ကို ရန်လိုတဲ့ ပရိသတ်တွေ ကိုတော့ ဘာတစ်ခွန်းမှ ပြန် မပြောဘဲ လိုက်ကာလေးချပြီး တောင်း ပန်ရင် အကောင်းဆုံးပဲ။ နည်းနည်းလေး တစ်ခွန်းလေးပြန်ပြော ခဲ့မိရင်တောင်မှ အနုပညာရှင်တွေဆိုးတယ်လို့ပဲ မြင်ကြတယ်။ အနုပညာရှင်သမား တစ်ယောက်က စင်ပေါ် တက်လိုက်ပြီးဆိုတာနဲ့ မုန်းတာကို မလိုချင်ဘဲ ချစ်တာကိုပဲ လိုချင်ကြတာပါ။ ချစ်တာကိုပဲ လို ချင်တဲ့သူတစ်ယောက်က ပရိသတ်ကို မစော်ကား ချင်ဘူးဆိုတာ ကျွန်တော်မှမဟုတ်ပါဘူး" လို့ ပြောပါ တယ်။

တွယ်တာ၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

0 comments:

Post a Comment