3.8.13

ဇင်ဘာဘွေရွေးကောက်ပွဲတွင် မူဂါဘီ၏ပါတီက အမတ်နေရာအများစုအ တွက် အနိုင်ရ

လက်ရှိသမ္မတ ရောဘတ် မူဂါဘီ၏ Zanu-PF ပါတီက လွှတ်တော်အမတ်နေ ရာ ၃ ပုံ ၂ ပုံအတွက် အနိုင်ရရှိကြောင်း ဇင်ဘာဘွေရွေးကောက်ပွဲ ကော် မရှင်က အတည်ပြု ပြောကြား


ဇင်ဘာဘွေနိုင်ငံ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ရောဘတ် မူဂါဘီ၏ Zanu-PF ပါတီက လွှတ်တော်အမတ်နေရာ ၃ ပုံ ၂ ပုံအတွက် အနိုင်ရရှိကြောင်း ဇင်ဘာဘွေရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ပြော ကြားသည်။ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် Nanu-PF ပါတီက ဇင်ဘာဘွေလွှတ်တော်အမတ်နေရာ ၂၀၀ အနက် ၁၅၀ ကျော်အတွက်အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်ကဆိုသည်။ ရွေးကောက်ပွဲအပြီး မကြာမီအချိန်ကပင် မဲများ ရေတွက်နေဆဲသာ ဖြစ်သော်လည်း မူဂါဘီ၏ ZANU-PF ပါတီမှ ထိပ်တန်း အရာရှိ တစ်ဦးက "ကျွန်တော်တို့ အောင်ပွဲဆင်နိုင်ခဲ့ပါပြီ။ တက်ကြွ ထက်သန်တဲ့ စိတ်ဓာတ် ခွန်အားနဲ့ ကျွန်တော်တို့တွေ MDCကို အနိုင်ရခဲ့ပါပြီ"ဟု AFPသို့ ပြောကြားထားခဲ့သည်။ ၎င်းက မူဂါဘီသည် အဓိက ပြိုင်ဘက်ဖြစ်သူ အတိုက်အခံခေါင်းဆောင် မော်ဂန် ဆာဗန်နာဂီကို သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လွှတ်တော်၏ အမတ်နေရာ အများအပြားကိုလည်း ZANU-PF က ရယူနိုင်ခဲ့ကြောင်း သြဂုတ် ၁ ရက်တွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

Planet Myanmar Network

0 comments:

Post a Comment