3.8.13

အပြောင်းအရွှေကိစ္စကြောင့် တော့တင်ဟမ်၏ ခြေစမ်းပွဲတွင် ဘေးလ် မပါဝင်

ခြေစမ်းပွဲခရီးစဉ်တွင် ဘေးလ် ပါဝင်မလာခြင်းက ရီးယဲလ်မက်ဒရစ်သို့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှုများ ရှိနေသောကြောင့်ဟု သတင်းများကဆိုသည်။


တော့တင်ဟမ် ဟော့စပါး တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်သည် မိုနာကိုအသင်းနှင့် ပြင်သစ်တွင် ယနေ့ (သြဂုတ် ၂ ရက်) သွားရောက် ယှဉ်ပြိုင်ကစားမည့် ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် ၌ လိုက်ပါမည်မ ဟုတ်ကြောင်း သိရသည်။ အသက် ၂၄ နှစ်အရွယ် တောင်ပံတိုက်စစ်သ မား ဘေးလ် သည် ဒဏ်ရာအသေးစား ရရှိထားသည်။သို့သော် ခြေစမ်းပွဲခရီး စဉ်တွင် ဘေးလ် ပါဝင်မလာခြင်းက ရီးယဲလ်မက်ဒရစ်သို့ အပြောင်း အရွှေ့ကိစ္စ ဆွေးနွေးမှုများ ရှိနေသောကြောင့်ဟု သတင်းများကဆိုသည်။

ဘေးလ်သည် ဇူလိုင် ၁၆ ရက်က ဆွင်ဒန်နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲတွင် ပထမပို်င်း၌သာ ဝင်ရောက်ကစားခဲ့ပြီးနောက် ပိုင်း တော့ တင်ဟမ်၏ ရာသီကြိုပွဲစဉ်များတွင် ဆက်လက်ပါဝင်ခဲ့ခြင်း မရှိချေ။ ဇူလိုင် ၁၉ ရက်က ကိုလ်ချက်စတာနှင့်ပွဲစဉ်၊ ဇူလိုင် ၂၄ ရက်က ဆန်းဒါးလန်းနှင့်ပွဲစဉ်၊ ဇူလိုင် ၂၇ ရက်က South China အသင်းနှင့်ပွဲစဉ်များ တွင် တော့တင်ဟမ်၌ ဘေးလ် ပါဝင်ကစားခဲ့ခြင်းမရှိကြောင်း သိရသည်။ မိုနာကိုနှင့် တော့တင်ဟမ်တို့၏ ခြေစမ်းပွဲစဉ်ကို မြန်မာစံတော်ချိန် စနေန့ည ၁၁း၀၀ တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဘေးလ်သည် ရီးယဲလ်မက်ဒရစ်နှင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးလိုကြောင်း လည်း တော့တင်ဟမ်အသင်းကို အရိပ်အမြွက် ပြောကြားထားပြီးဖြစ်သည်။ ထို့အပြင် ရီးယဲလ်နည်းပြ အန်ဆလော့တီကလည်း ကလပ်အသင်းနှင် သင်းကြား ဘေးလ်၏အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းနေကြောင်း
ပြောကြားသည်။ ရီးယဲလ်သည် ဝေလလက်ရွေးစင် ဘေးလ်အား ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် စာချုပ်ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများကဆိုသည်။ ရီးယဲလ်သည် ၂၀၀၉ ခုနှစ်တွင် ရော်နယ်လ်ဒိုအား ၎င်းတို့ ခေါ်ယူခဲ့သည့် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း ၈၀ ထက် ပိုမိုသည့် ငွေကြေးပမာဏဖြင့် ဘေးလ်ကို စာချုပ်ခေါ်ယူလိုခြင်း ဖြစ်သည်။

အကယ်၍ ရီးယဲလ်သို့ ဘေလ်း၏ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ပါ က တော့တင်ဟမ်အသင်းအတွက် ကြီးမားသည့် ငွေကြေးအမြတ်အစွန်းတစ် ရပ်ကို ရရှိမည်ဖြစ်သည်။ တော့တင်ဟမ်သည် ဘေးလ်အား ၂၀၀၇ ခုနှစ်က ဆောက်သမ်တန်အသင်းထံမှ ပေါင်စတာလင် ၁၀ သန်းမျှဖြင့် ခေါ်ယူထားခဲ့ခြင်း ဖြစ်သည်။ ဘေးလ်သည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် အသင်းအတွက် ၂၆ ဂိုးသွင်းယူခဲ့ပြီး PFA ၏ တစ်နှစ်အတွင်း အကောင်းဆုံးကစားသမားဆု၊ လူငယ်ကစားသမားဆုနှင့် ဘော လုံးအားကစား ကလောင်ရှင်များက ရွေးချယ်ပေးအပ်သည့် တစ်နှစ်အတွင်း အကောင်းဆုံး ဘောလုံးသမားဆုတို့ကို ရရှိထားသည်။

Planet Myanmar Network

0 comments:

Post a Comment