3.8.13

ကမ္ဘာ့ခေါင်းဆောင်တွေတောင်မှ Klout ရမှတ်တွေကို အလေးထားတယ်

တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးက မကြာသေးခင်ကမှ သူမရဲ့ Klout ရမှတ်တွေကို တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ ဒီနေရာမှာ Kloutဆိုတာကို ရှင်းပြချင်ပါသေးတယ်။ သူကလည်း Websiteတစ်ခု ဖြစ်ပြီး Mobile Appတွေ အဖြစ်နဲ့လည်း သုံးနိုင်ပါတယ်။ သူက Userတွေရဲ့ Social Networkတွေပေါ် မှာ လွှမ်းမိုးမှု ဘယ်လောက် ရှိတယ်ဆိုတာတွေကို ရမှတ် ၁ ကနေ ၁၀၀ပေးပြီး သတ်မှတ်ပေးတဲ့ Website တစ်ခု ဖြစ်ပါတယ်။


လက်ရှိမှာ တော်ကိုရီးယား သမ္မတက ရမှတ် ၈၂မှတ် ရရှိထားပြီး ဖေဖော်ဝါရီ လ ထဲက ၆၅မှတ်ကနေ တိုးတက်လာတာ ဖြစ်ပါတယ်။ နောက်ပိုင်း သူမအနေ နဲ့ သမ္မတ ရာထူး ရရှိပြီးမှ ရမှတ်တွေ တိုးတက်လာ တာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ ဒီနေရာမှာ အမေရိကန် သမ္မတ ဘားရက် အိုဘားမားရဲ့ ရမှတ်ကတော့ ၉၉မှတ် ဖြစ်ပြီး အနုပညာနယ်ပယ်မှာ ဆိုရင်တော့ ပေါ့အဆိုတော် ဂျက်စတင် ဘီဘာရဲ့ ရမှတ်ကတော့ ၉၂မှတ် ဖြစ်ပါတယ်။

သူမအနေနဲ့ Social အသုံးပြုမှု အပိုင်းမှာတော့ Twitterကို အသုံးပြုပြီး ချစ်စရာကောင်းတဲ့ ပုံတွေကို ဖြန်ဝေခြင်းတွေ လုပ်ဆောင်ပါတယ်။ ဒီထဲမှာ Adorable Children’s plush toys နဲ့ Dogs playing in a Gardenလို လူရာပေါင်းများစွာက နှစ်ခြိုက်တဲ့ ပုံတွေ ပါဝင်ပါတယ်။ နောက်ပြီး Facebook သုံးစွဲခြင်းကလည်း Kloutရမှတ်တွေ တက်လာဖို့ အထောက်အကူ ဖြစ်စေ တယ်လို့ ဆိုပါတယ်။ သူမဟာ တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်ပြီး သူမမှာ ပတ်ချွန်ဟီးဆိုတဲ့ သမီးတစ်ယောက် ရှိပါတယ်။

Myanmar ICT

0 comments:

Post a Comment