10.8.13

ရီးယဲလ်ဥက္ကဋ္ဌ၏ မှတ်ချက်ကြောင့် ဘေးလ် အပြောင်းအရွှေ့ မရေမရာဖြစ်လာ

မီယာမီတွင် တော့တင်ဟမ်အသင်း ဥက္ကဋ္ဌ ဒန်နီယယ် လီဗိုင်းနှင့် တွေ့ဆုံပြီးနောက် ပီရက်ဇ်က "ဂါရတ်သ် ဘေးလ်အတွက် ပေါင် ၈၅ သန်း ပေးဖို့ဆိုတာ ကျွန်တော့်အတွက်တော့ အရမ်းများပါတယ်"ဟု ESPN သို့ ပြောကြားသည်။

စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ် က တော့ တင်ဟမ် တောင်ပံကစားသမား

ဂါရတ်သ် ဘေးလ်အ တွက် ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၈၅ သန်း ပေးချေရန်မှာ များလွန်းကြောင်း ပြောကြားလိုက်သည်။ ပီရက်ဇ်၏ အဆိုပါ မှတ်ချက်ကြောင့် ဘေးလ်၏ ကမ္ဘာ့စံချိန်တင် အပြောင်းအရွှေ့မှာ မရေရာမှုများ ဖြစ်လာကြောင်း သိရသည်။

မီယာမီတွင် တော့တင်ဟမ်အသင်း ဥက္ကဋ္ဌ ဒန်နီယယ် လီဗိုင်းနှင့် တွေ့ ဆုံပြီးနောက် ပီရက်ဇ်က ဂါရတ်သ် ဘေးလ်အတွက် ပေါင် ၈၅ သန်း ပေး ဖို့ဆိုတာ ကျွန်တော့်အတွက်တော့ အရမ်းများပါတယ်ဟု ESPN သို့ ပြောကြားသည်။

ရီးယဲလ်အနေဖြင့် ဘေးလ်ကို ၂၀၀၉ ခုနှစ်က ရော်နယ်လ်ဒို အား ခေါ်ယူခဲ့သည့် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးထက် ပိုမိုသော ပမာဏဖြင့် ယခုနှစ်နွေရာသီတွင် ခေါ်ယူမည်ဟု အစောပိုင်းက သတင်းများ အခိုင်အမာထွက်ပေါ်ခဲ့သည်။ သို့သော် ပီရက်ဇ်၏ ယခုမှတ်ချက်ကြောင့် ဘေးလ်၏ အပြောင်းအရွှေ့ ညှိနှိုးမှုမှာ မရောမရာဖြစ်လာခဲ့သည်။ ဘေးလ်သည် ပြီးခဲ့သည့် နွေရာသီ က တော့တင်ဟမ်နှင့် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့သည့်တိုင် ရီးယဲလ်သို့ အပြောင်းအရွှေ့ ဈေးကွက်မပိတ်မီ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။ ဘေးလ်အတွက် ပြောင်းရွှေ့ကြေးအား အမြင့်ဆုံးပမာဏ ပေးချေရေး ရီးယဲလ်ကို တော့တင်ဟမ်က တွန်းအားပေးရန် ကြိုးပမ်းနေသည်။

တော့တင်ဟမ် ဥက္ကဋ္ဌ လီဗိုင်းက ပြီးခဲ့သည် ဘောလုံးရာသီတွင် PFA ကစားသမားဆုဆွတ်ခူးထားသည့် ဘေးလ်အတွက် ပြောင်းရွှေ့ကြေးကို
ပေါင်စတာလင် ၁၀၅ သန်းအထိပင် ရရှိလိုကြောင်း သိရသည်။ဘေးလ်၏ အပြောင်းအရွှေ့ သတင်းများမှာ တော့တင်ဟမ် ဒါရိုက်တာ မေးလ်စ်၏ မှတ်ချက်စကားကြောင့်လည်း ပိုမိုအားကောင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းက ကစားသမားတစ်ဦးက အသင်းကနေ အမှန်တစ်ကယ်ကို ထွက်ခွာ ချင်နေပြီဆိုရင် သူ့ကို ဆက်ထိန်းထားဖို့ အရမ်းခက်ခဲပါတယ်၊ ဒီလို အခြေအနေကို အခြား ကလပ်အသင်းတွေမှာ ကျွန်တော်တို့ တွေ့ဖူး ပါတယ်၊ ကစားသမားဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်နေသေးရင်တောင် သူ့ကို အသင်းမှာ ဆက်ကစားဖို့ အတင်းအကျပ် မလုပ်နိုင်ပါဘူးဟု ပြောကြားခဲ့သည်။

တော့တင်ဟမ်မှ ဘေးလ် ထွက်ခွာနိုင်ကြောင်းကို ပိုမို ယုံကြည် ဖွယ်ဖြစ်စေခဲ့သည့် အခြား ဖြစ်ရပ်လည်းရှိကြောင်း သိရသည်။ ၎င်းမှာ တော့တင်ဟမ်က အသင်း၏ Twitter စာမျက်နှာနောက်ခံ တွင် ဘေးလ်၏ ပုံရိပ်အစား ဒမ်ဘီလီပုံဖြင့် ပြောင်းလဲထားသည်။ ယခင်က Twitter စာမျက်နှာနောက်ခံတွင် ဘေးလ်နှင့် ဒမ့်ဆေးတို့၏ ပုံရိပ်ကို အသုံးပြုထားခြင်းဖြစ်သည်။ ယခုအခါ အသင်းမှထွက်ခွာသွားပြီဖြစ်သော ဒမ့်ဆေးနေရာတွင်လည်း လင်နွန်၏ပုံရိပ်ဖြင့် ပြောင်းလဲထားကြောင်း သိရသည်။

Planet Myanmar Network

0 comments:

Post a Comment