10.8.13

Samsung Galaxy Note 3 စက်တင်ဘာလ ထွက်မည်

ပုံမှာ ပြထားတဲ့ Samsung Galaxy Note 3 ဟုတ်ချင်မှ ဟုတ်မှာ ပါ။ နိုင်ငံတကာက Photoshop သမားတို့ လက်စွမ်းပြ စိတ်ကူးယဉ် ထားတာလေး ဖြစ်ပါတယ်။ တကယ့် Note 3 ကို ဂျာမနီ IFA ပွဲမှာ မိတ်ဆက် ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။


သတင်းအချို့ ကတော့ Note 3 ဟာ ထွက်နေကျအတိုင်း ၅.၅၅ လက်မ ဝန်းကျင် မဟုတ်တော့ပဲ ၆ လက်မအထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ သို့ပေမယ့် Samsung က အတည်မပြုသေးသရွေ့ ကတော့ ခန့်မှန်းလို့ မရသေး ပါဘူး။ S4 တောင် S3 ထက် ထူးထူးခြားခြား ကြီးထွားလာခြင်း မရှိတာ Note 3 လည်း သိပ်ကြီးလာမယ့် ပုံမပေါ်ပါဘူး။

ကြားတဲ့ Feature သတင်းများကတော့ မက်မောစရာတွေချည်းပါပဲ။ ကင်မရာ ကတော့ S4 အတိုင်း 13 Megapixel ပဲ ဖြစ်ပါတယ်။ Processor လက်ရှိ S4 ထက်သာနိုင်ပြီး RAM, CPU ကအစ Note 2 ထက်လည်း သိသိသာသာ တိုးမယ်လို့ ရေးသားဖော်ပြကြပါတယ်။

Samsung Galaxy Note 3 ဟာ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး Note Phone နေရာမှာ ဆက်ယူဖို့ Samsung တို့မျှော်လင့် ထားကြောင်း သိရပါတယ်။

Ref: pocketlint
ရိုးရာလေး နည်းပညာ

0 comments:

Post a Comment