10.8.13

X – Men ၏နောက်ထပ်စီးရီးအသစ် “ The Wolverine” 3D

ချစ်ပရိသတ်သတ်ကြီးကိုယခုရုပ်ရှင်ရုံကြီးများတွင်ပြသနေသည့့် X- Men ဇာတ်ကားအသစ်ဖြစ်တဲ့  “ The Wolverine “ ဆိုတဲ့  ဇာတ်ကားသစ်လေးနှင့်မိတ်ဆက်ပေးချင်ပါတယ်။


ဒီကားလေးကတော့ ကျွန်တော်တို့ ရဲ့  မိတ်ဆွေဟောင်း ( Super Hero) ဇာတ်ကောင်ဖြစ်တဲ့  X-men ဇာတ်ကားစီးရီးတွေရဲ့  ၆ခွေမြောက်စီးရီးဇာတ်ကားတစ်ကားဖြစ်ပြီး Australia နိင်ငံဖွား Hugh Jackman ကပဲ ဆက်လက်သရုပ်ဆောင်ထားပါတယ်။မင်းသမီးအနေနှင့် အသက် (၂၈) နှစ်ရှိ ဂျပန်စူပါမော်ဒယ်နှင့် သရုပ်ဆောင် Tao Okamoto ကသရုပ်ဆောင်ထားပါတယ်။

ထို ဇာတ်ကား၏ ဇာတ်ဝင်ခန်းအမြောက်အမြားကို ဂျပန်နိင်ငံမှာ ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ အတွက် ဂျပန်နိင်ငံရဲ့  ရူခင်း( Nagasaki မြို့ ) ရဲ့  အလှအပကိုခံစားနိင်မှာဖြစ်ပါတယ်။

နောက်ပြီး ဂျပန်နိင်ငံရဲ့  ကျော်ကြားလှတဲ့ ကျည်ဆန်ရထား၏ခေါင်မိုးပေါ်မှ X- Men မင်းသားရဲ့  စွန့် စားမူများကိုလည်းမြင်တွေ့ ရမှာဖြစ်ပြီး နာမည်ကြီး လူဆိုးဂိုဏ်း Yakuza ဂိုဏ်းစတားတွေနှင့်  တိုက်ခိုက်သည့် အခန်းများကိုလည်းဝေေ၀ဆာဆာတင်ဆက်ထားပါတယ်။


သနားစရာကောင်းတာကကျွန်တော်တို့ ရဲ့ X- Men မင်းသားဟာနောက်ဆုံးဇာတ်ဝင်ခန်းမှာသူရဲ့ စွမ်းအားထက်လှတဲ့ သံမဏိလက်သည်းကြီးကိုအဖြတ်ခံလိုက်ရပါတယ်။သူထက်အဆမတန်အင်အားကြီးမားတဲ့ နည်းပညာမြင့် ဆာမူရိုင်းစက်ရုပ်ကြီးကဖြတ်ပစ်လိုက်တာပါ။
သို့ ပေမဲ့ ဘယ်လိုလူဆိုးဗီလိန်တွေကိုနောက်ဆုံးအနိင်ယူလိုက်သလဲဆိုတာကိုတော့ ရုပ်ရှင်ပိတ်ကားပေါ်မှာပဲခံစားလိုက်ရအောင်ဗျာ။

အရင် X- Man ဇာတ်ကားရဲ့  ကလေးဆန်မူတွေထဲ မှခွဲထွက်ပြီး ခပ်မိုက်မိုက်လေးခံစားကြည့် ရူရမှာဖြစ်တဲ့  အတွက် လမ်းညွန့် ပေးလိုက်ရပါတယ်။


Aung Heine ( MM Social Sky)

0 comments:

Post a Comment