21.8.13

သေနတ်လက်ကိုင်ပုံစံဖန်တီးထားတဲ့ ကော်ဖီခွက်

မြေအောက်မသမာသူတွေဖန်တီးထားတဲ့ ခွက်လေများလား အရွဲ့တိုက်ပြော
ရမလိုဖြစ်နေပါပြီ။လူလို့ခေါ်တဲ့ လူဆိုတာကလည်း ရိုးရိုးတန်တန်းတွေမြင်
ရတာကြာတော့ အထူးအဆန်းမဟုတ်တဲ့ သာမန်ထက်ကွဲပြားတဲ့ အရာမျိုးတွေမြင်ရင် အရူးအမူးဖြစ်တတ်တဲ့ သဘာဝကရှိတာကိုး။



ဒါတွေကိုသိတဲ့ ဖန်တီးသူတွေကလည်း သာမန်ကော်ဖီကြွေခွက်ကို ရိုးရိုးတန်း
တန်းမလုပ်ပဲ သေနတ်လက်ကိုင်ပုံစံဖန်တီးလိုက်တော့ အတော်လေးကို
အရောင်းသွက်အောင်မြင်နေတယ်လို့ဆိုပါတယ်။

ဒါကလည်း သာမန်ထက်အမြင်ဆန်းစေတဲ့ ကော်ဖီခွက်က လက်ဆောင်ပေး
တဲ့နေရာမှာ အတော်လေးကိုအသုံးတည့်လို့နေပါလိမ့်မယ်။နိုင်ငံတကာအွန်
လိုင်းစတိုးမှာ တစ်ခွက်ကို ၅ ဒေါ်လာဝန်းကျင်နှုန်းနဲ့အရောင်းသွက်နေတယ်
လို့သိရပါတယ်။

ပြည်တွင်းမှာတော့ မြင်တွေ့ဖူးခြင်းတော့မရှိပေမယ့် အွန်လိုင်းစတိုးကို
တိုက်ရိုက်မှာယူဝန်ဆောင်မှုပေးနေတဲ့ နေရာတွေရှိတယ်လို့တော့သိ ရပါတယ်။ဆက်သွယ်ဝယ်ယူချင်တဲ့ သူအဖို့ပြောဆိုလို့အဆင်ပြေစေအောင်
aHappydeal.com ကရောင်းချပေးနေတဲ့ Novel porcelain mug ကော်ဖီ ခွက်လို့အသိပေးရင်း အထူးအဆန်းကြိုက်တဲ့ စာဖတ်သူတွေအတွက်
ယခုလိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

Ref:techblog
Khun Nay(August Myanmar Media Group)

0 comments:

Post a Comment