27.9.13

မွမ်ဘိုင်းတွင် အဆောက်အအုံပြိုကျပြီး လူ ၂၅ ဦးထက်မနည်း ပိတ်မိနေ

ဒေသခံ ရုပ်မြင်သံကြားဌာန NDTVက သောကြာနေ့ နံနက်ပိုင်းက အဆောက်အအုံ ပြိုကျသွားချိန်၌ အတွင်းတွင် လူ(၂၅)ဦးထက်မနည်း ပိတ်မိနေသည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။


မွမ်ဘိုင်းတွင် အဆောက်အအုံပြိုကျပြီး လူ ၂၅ ဦးထက်မနည်း ပိတ်မိနေ
အိန္ဒိယနိုင်ငံ၏ စီးပွားရေး အချက်အခြာ မြို့တော်ဖြစ်သည့် မွမ်ဘိုင်းတွင် အဆောက်အအုံတစ်ခု ပြိုကျပြီး လူပေါင်း(၂၅)ဦးထက်မနည်း ပျောက် ဆုံးနေကြောင်း သိရှိရသည်။ ဒေသခံ ရုပ်မြင်သံကြားဌာန NDTVက သော ကြာနေ့ နံနက်ပိုင်းက အဆောက်အအုံ ပြိုကျသွားချိန်၌ အတွင်းတွင် လူ(၂၅)ဦးထက်မနည်း ပိတ်မိနေသည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့ သည်။ အနည်းဆုံး ရုပ်အလောင်း (၂)ခုကို ကယ်ဆယ်ရေးများက အပျက်အစီးများ ကြားထဲမှ ဆွဲထုတ်ထားခဲ့ပြီး နောက်ထပ် ရှာဖွေမှုများကိုလည်း ပြုလုပ်နေသည်။ တိုက်ခန်းတွဲအချို့ ပါဝင်သည့် (၅)ထပ်တိုက်ဟု ယူဆရသော အဆောက်အအုံသည် မြေပေါ် တွင် ပြားပြားဝပ်သွားခဲ့ပြီး ယင်းအတွက် အသေအပျောက် စာရင်းကို တိတိကျကျ မပြောနိုင်သေးချေ။

သင်္ဘောကျင်း တစ်ခုအနီးတွင် တည်ရှိသော အဆောက်အအုံ ပြိုကျမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက တစ်စုံတစ်ရာ မှတ်ချက်မပေးသေးဘဲ ရှိနေသည်။ မွမ်ဘိုင်းတွင် ယခုနှစ်အတွင်း အဆောက်အအုံ ပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး ဧပြီလက တရားမဝင် ဆောက်လုပ်နေသည့် အဆောက်အအုံတစ်ခု ပြိုကျရာ လူ(၇၂)ဦးထက်မနည်း သေဆုံးခဲ့သည်။

ထို့နောက် သီတင်းပတ် အနည်းငယ် အကြာတွင် ဆေးရုံတစ်ခု ပြိုကျမှု ဖြစ်ပွားရာ လူ(၈)ဦး ဒဏ်ရာရခဲ့သည်။ ဇွန်လကလည်း မွမ်ဘိုင်းရှိ (၃)ထပ်တိုက်တစ်လုံး ပြိုကျရာ ကလေး(၅)ဦး အပါအဝင် လူ(၁၀)ဦး သေဆုံးခဲ့သေးသည်။ အိန္ဒိယ နိုင်ငံတဝှမ်းတွင် အဆောက်အအုံ ပြိုကျ၍ သေကြေမှုများသည် ကြားနေကျ သတင်းမျိုးသဖွယ် ပင် ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။ အဓိက အကြောင်းရင်းမှာ အဆောက်အအုံ ဆောက်လုပ်မှုတွင် ဈေးပေါပြီး အရည်အသွေး ညံ့ဖျင်းသည့် ပစ္စည်းများကို အသုံးပြုခြင်း၊ အောက်ခြေ ဖောင်ဒေးရှင်းကို သတ်မှတ်စံနှုန်းများနှင့်အညီ အခြေမချခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment